အမြို့မြို့အနယ်နယ်သတင်းများ

Oct 23,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချိုလေးနှင့်ဝန်ထမ်းများ၊ လယ်ယာမြေစီခံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဝန်ထမ်းများသည်မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့ မွန်းလွဲ ၃ နာရီအချိန်က ကွင်းအမှတ်(၆)၊ ကောင်းဟုန်းကွင်း၊ ဦးပိုင်အမှတ်(၁၆/၁)၊ တောင်သူ ဦးကျန်လော်ဝူ၏ လယ်မြေ(၂)ဧကတွင် ပြုလုပ်ခဲ့သည်။
Oct 23,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍ လုံခြုံရေး ကြိုးများဖြင့် ချိတ်ပိတ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 23,2020
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့၌ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ် ပွားနေသော ကာလအတွင်း အခြေခံလူတန်းစားများ၏ စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စုများသို့ အခြေခံစားသောက်ကုန် များကို ဝေါမြို့ Together Waw ပရဟိတအဖွဲ့မှ မြို့ပေါ် (၆)ရပ်ကွက်ရှိ အခြေခံမိသားစုအိမ်ထောင်စု (၁၅၀၀)စုအတွက် လိုက်လံထောက်ပံ့လှူဒါန်းရန် ဆောင်ရွက်ထားသော်လည်း အခြေခံအိမ်ထောင်စုများ၏ အခက်အခဲများ ကူညီရန်အတွက် အိမ်ထောင်စု(၂၅၀)စုအား အဖွဲ့မှ ထပ်တိုးလှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 23,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ် ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင် ရေး အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ယနေ့ နံနက် (၈) နာရီအချိန်၌ လူသွား လူလာများသော စျေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် မင်းခေါင်လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
Oct 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
Oct 23,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ် ထိန်းချုပ်နိုင်စေရေး အတွက် အသွားအလာကန့်သတ်စောင့်ကြည့်နေသူ (၁၀၁)ဦးထံမှ နှာခေါင်းနှင့် အာခေါင်တို့ပတ်(Swab) များရယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်နှင့်ကျေးရွာများရှိ သက်ဆိုင် ရာ Quarantine Centre နှင့် Home Quarantine နေရာ (၂၀)နေရာသို့ ပေါင်းတည်မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးကြီးကြပ်(၂)ဝန်ထမ်း Swab Team အဖွဲ့ ၃ ဖွဲ့ဖြင့် သွားရောက် ဆောင်ရွက်ခဲ့ကြသည်။
Oct 23,2020
ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်‌ရေးကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က မြို့မဈေး၌ ဆောင်ရွက်ခဲ့ကြသည်။
Oct 23,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်တွင် ကိုဗစ် ၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက် ကျေးရွာများသို့ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ နေ့လည်၂:၀၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။