အမြို့မြို့အနယ်နယ်သတင်းများ

Oct 23,2020
မွန်ပြည်နယ် မော်လမြိုင်မြို့သာယာအေးရပ်ကွက်ရှိ အခြေခံလူတန်း စားနေအိမ် (၁၀၉) လုံးအား ဆန်၊ ဆီ၊ ဆား စသည့်အခြေခံ စားသောက်ကုန်ပစ္စည်း (၁၁) မျိုးကို ယမန်နေ့၌ ဘိုဘိုဝင်း (RESCUE) အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 23,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ပြုလုပ်သည်။
Oct 23,2020
မကွေးမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးး၊ ဒုမဲရုံမှူး၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး များ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းကို အောက်တိုဘာလ ၂၃ ရက်ယနေ့နံနက် ၉ နာရီခွဲက မကွေးမြို့အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချခဲ့သည်။
Oct 23,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အမက(၂၆)တွင် ဖွင့်လှစ်ထား​သော Community Based Facility Quarantine Center(1)နှင့် အလက (၅)တွင် ဖွင့်လှစ်ထား​သော Quarantine Center (2) ရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန် ထမ်းများအတွက် ယနေ့နံနက်ပိုင်းက ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာန၊ လှိုင်မြို့နယ်ရုံးမှမြို့နယ် ဦးစီးမှူး​ ဒေါ်​မေသန္တာက​ မွေး​နေ့အလှူအဖြစ် ကြာဇံကြော်ဘူး (၁၃၀)အား နံနက်စာ အာဟာရဒါန အဖြစ် လှိုင်မြို့နယ် အ​ထွေ​ထွေအုပ် ချုပ်​ရေး ဦးစီးဌာနရုံးသို့ လာ​ရောက်၍ လှူဒါန်းခဲ့ပါသည်။
Oct 23,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးအတွက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲသို့ ရောက်ရှိလာသည့် ဆန္ဒမဲလက်မှတ်များကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ စစ်ဆေးဆောင်ရွက်လျက် ရှိသည်။
Oct 23,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာအုပ်စု မန်ပန်ကျေးရွာတွင် ကမ္ဘာ့လက်ဆေးခြင်းနေ့ အထိမ်းအမှတ် စနစ်တကျ လက်ဆေးခြင်း အသိပညာပေးသရုပ်ပြခြင်းနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအကြောင်း သိကောင်းစရာ ဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၁၀)နာရီခန့် က မန်ပန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 23,2020
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်းကို အောက်တိုဘာ ၁၉ရက်မှ ၂၃ရက်နေ့ထိ ၅ရက်တာ အထက ပုသိမ်ကြီးကျောင်းရှိ ဘုရင့်နောင် စာသင်ဆောင်၌ သင်တန်းပို့ချလျက်ရှိသည်။