Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဖာပွန်မြို့၌ မြေပဲစိုက်တောင်သူများ အထွက်နှုန်းကျဆင်းမည်ကို စိုးရိမ်
Oct 23,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်ရှိ မြေပဲစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် ယွန်းစလင်း ချောင်းရေမတိုးသည့် အတွက် နုန်းတင်မြေနုပေါ်တွင်စိုက်ပျိုးသည့် ဆောင်းမြေပဲ အထွက်နှုန်းကျဆင်းမည်ကို စိုးရိမ်လျက်ရှိကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ် Quarantine Centre အတွက် အလှူငွေကျပ်သုံးသိန်း လာရောက်လှူဒါန်း
Oct 23,2020
ကျောက်တံတားမြို့နယ် ၃၈ လမ်းရှိ Community Based Facility Quarantine Center (ပြည်သူအခြေပြု အသွားအလာကန့်သတ်စောင်ကြည့်နေရာသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် အလှူငွေနှင့် ပစ္စည်းများကို မြို့နယ်အတွင်းရှိ ပြည်သူများနှင့် အလှူရှင်စေတနာရှင် များမှ နေ့စဉ်လာရောက်လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင်လည်း Quarantine Centre အတွက် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရန် ကျောက်တံတား မြို့နယ်(၃၇)လမ်း အထက်မှ ဒေါက်တာခင်လှလှသိန်း မိသားစုမှ အလှူငွေကျပ် (၃၀၀၀၀ဝိ/-) (ကျပ်-သုံးသိန်းတိတိ)ကို လာရောက်လှူဒါန်းပေးခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက လက်ခံရယူ ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး
Oct 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်အတွင်း CERP အစီအစဉ်အရ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ (၃) ရွာတွင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ယမန်နေ့ က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့ ဆန်ဆိုင်းအခြေခံပညာအထက်တန်းကျောင်း၌ ရွေးကောက်ပွဲ ဆိုင်ရာ ပညာပေးသင်တန်းဖွင့်လှစ်
Oct 23,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို တာချီလိတ်မြို့ ဆန်ဆိုင်းအခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းအချိန် က ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့နယ်၌ သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
Oct 23,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလတွင် သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ခြင်းကို ယနေ့နံနက်၁၀နာရီခွဲကမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး ခန်းမ၌ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံမှူး ၊ ဒုမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင် သင်တန်းများ…
Oct 23,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်သင်တန်းများကို အောက်တိုဘာလ ၁၉ ရက်နေ့မှ အောက်တိုဘာလ ၂၂ ရက်နေ့အထိ တိုက်ကြီး၊ ဥက္ကံမြို့တို့တွင် တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပြီးစီးခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ်တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့၌ သားအိမ်ခေါင်းကင်ဆာ (HPV)ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Oct 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV)ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း က အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက်ဓမ္မာရုံ၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28531
Page
28532
Page
28533
Page
28534
Current page
28535
Page
28536
Page
28537
Page
28538
Page
28539
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department