Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းနောင်မြို့တွင် အမျိုးသမီးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းများ ဆောင်ရွက်
Oct 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ အသက်(၉)နှစ်မှ အသက်(၁၀)နှစ်အထိ အမျိုးသမီးငယ်များအား (HPV)သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန် က မြို့လယ်ဓမ္မာရုံနှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် စတင်ထိုးနှံ ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ်တွင် ဆန္ဒမဲလက်မှတ်များ စစ်ဆေးခြင်းပြုလုပ်
Oct 23,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် ယနေ့နံနက် (၁၀)နာရီ က ဆန္ဒမဲလက်မှတ်များအား စစ်ဆေးခြင်းကို မိုင်းရယ်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးရေးကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး
Oct 23,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်အထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒနယ်အတွင်း ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် လုပ်ငန်းစဉ်များ ရှင်းလင်း ပြောကြားခြင်းကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီ အချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက မဲပုံးနှင့် မဲရုံသုံး ပစ္စည်းများထုတ်ပေး
Oct 23,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ ဖွင့်လှစ်ထားရှိသည့် မဲရုံများတွင် အသုံးပြုရန်အတွက် မဲရုံသုံး ပစ္စည်း(၃၂)မျိုးကို ထားဝယ်မြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ရပ်ကွက်/ ကျေးရွာအုပ်စုများ ရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ ယနေ့နံနက်ပိုင်း မှ စ၍ စတင်ထုတ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တလုံးကြီးမြို့၌ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးထိုးနှံ
Oct 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ကျေးလက်ကျန်းမာရေးဌာခွဲမှ ကျောက်တလုံးကြီးမြို့ပေါ် (၆)ရပ်ကွက်ရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးကို ယနေ့နံနက် ၉နာရီခန့် က ပထမနိမ္မိတသပိတ်မြတ်စေတီ၊ အောင်ဇဗ္ဗူလောင်းဓမ္မာရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စိုက်ပျိုးရေပေးဝေမှုအခက်အခဲမရှိစေရေးအတွက် ကင်းတားရေသောက်စနစ်များအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
Oct 23,2020
မြစ်သားမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဝမ်းသည် တာဝန်ရှိသူများလိုက်ပါ၍
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲကျင်းပ
Oct 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မဲရုံများတွင် တာဝန်ထမ်း ဆောင်ကြ မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း အုန်းတော ခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ညွှန်ကြားချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများ လုပ်ငန်းစွမ်းရည်မြှင့် ဆင့်ပွားသင်တန်းဖွင့်
Oct 23,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ဒုမဲရုံမှူး တာဝန်ယူကြမည့် ဆရာ/ဆရာမများအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစွမ်းရည်မြှင့် သင်တန်းကို ယနေနံနက်(၈)နာရီခွဲ အချိန်က အထက ဖားဆောင်းကျောင်းရှိ ပညာရတနာခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28529
Page
28530
Page
28531
Page
28532
Current page
28533
Page
28534
Page
28535
Page
28536
Page
28537
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department