Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နတ်မောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံသုံးပစ္စည်းများ…
Oct 23,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံသုံးပစ္စည်းများကို တာဝန်ရှိ သူများက ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းသာမြို့တွင်နေရပ်ပြန် ရေလုပ်သား(၇)ဦးအား Quarantine(၁၄)ရက်ပြည့်၍ ကျန်းမာရေး ထောက်ခံချက် ပေးအပ်
Oct 23,2020
ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ရွာသစ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ Quarantine Centerတွင် Quarantine ဝင်ရောက် လျက်ရှိသော ရခိုင်ပြည်နယ်ပြန် ရေလုပ်သား(၇)ဦးအား သတ်မှတ်ရက် (၁၄)ရက်ပြည့်မြောက် ပြီဖြစ်၍ ချောင်းသာ တိုက်နယ်ကျန်းမာရေးဌာနနှင့် ချောင်းသာမြို့ရပ်ကွက် (၁) (၂)အုပ်ချုပ်ရေးမှူးများမှ ၎င်း ရေလုပ်သားများအား Quarantine Center တွင် သတ်မှတ်စည်းကမ်းချက်မျာ နှင့်အညီ နေထိုင်ခဲ့ကြောင်း၊ ကျန်းမာရေးကောင်းမွန်ကြောင်း Quarantine ထောက်ခံချက်အားပေးအပ်ပြီး အိမ်တွင်(၇)ရက် သီးသန့်နေထိုင်ရန် မှာကြားကာ ပါရမီလူမှုကူညီရေးကားဖြင့် အိမ်သို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ် Quarantine Center သို့ နေ့လယ်စာထမင်းဘူးနှင့် အချိုရည်များ လာရောက် လှူဒါန်း
Oct 23,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၈)ရပ်ကွက် အထက(၁)ကျောင်းရှိ Quarantine Centre များသို့ ယမန်နေ့ နေလယ်ပိုင်းက ထမင်းဘူး(၁၅၀)ဘူးနှင့် Yeo`s အချိုရည် ၁၀၀ ကတ်အား လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Oct 23,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ရပ်ကျေးကော်မရှင်အဖွဲခွဲ မှတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကာလိမြို့အတွင်းစားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်ရောင်းချခြင်းရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေး
Oct 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့အတွင်းရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်ရောင်းချခြင်းရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးအတွက် အသုံးပြုနိုင်စေရန် အလှူရှင်များက အလှူငွေများနှင့် ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း
Oct 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးအတွက် အလှူငွေများနှင့် ဆက်စပ်ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ အထွေထွေရောဂါကု ဆေးရုံကြီး(အင်းစိန်)တွင် အလှူရှင်များက အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့၌ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲ လက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေး စစ်ဆေး
Oct 23,2020
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့၌ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်အသုံးပြုမည့် ဆန္ဒမဲ လက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေး အတွက် မဲလက်မှတ်များအားစစ်ဆေး ဆောင်ရွက်မှုကိုယနေ့ နံနက်၁၀ နာရီက ချောင်းဦးမြို့မြို့မရဲစခန်းအတွင်းရှိဓမ္မာရုံအတွင်း၌ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့နယ်ရှိ ယစ်မျိုးလိုင်စင်များအား သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချစေရေး ဆွေးနွေး
Oct 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ယစ်မျိုးဆိုင်ရာကိစ္စရပ်များရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28533
Page
28534
Page
28535
Page
28536
Current page
28537
Page
28538
Page
28539
Page
28540
Page
28541
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department