အမြို့မြို့အနယ်နယ်သတင်းများ

Oct 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် ပြည်သူ့ဆေးရုံအတွက် တန်ခွန်ကျော်နှင့် တန်ဂိုများ စုပေါင်းအလှူဖြင့် ငွေကျပ် ၄၂၀၀၀၀ တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ ခန္တီးပြည်သူ့ ဆေးရုံ သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 23,2020
 ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူလူထုအတွင်း ပိုမိုသိရှိလိုက်နာစေရေး လှည့်လည်နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့က ခရမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက  မြို့ပေါ်ရပ်ကွက်(၁၃ ) ရပ်ကွက်အတွင်းသို့ လိုက်လံအသိပညာပေးနှိုး ဆော်ခဲ့ကြောင်း သိရသည်။
Oct 23,2020
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစနစ်ဖြင့် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများကို စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၃)မြို့နယ်မှ ကျေးရွာ (၇)အုပ်စုရှိ ကျေးရွာ (၉)ရွာတွင် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းကျော်မျိုး၏ ပြောကြားချက်အရ သိရသည်။
Oct 23,2020
ပျော်ဘွယ်မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းရှိ တပ်ဖွဲ့ဝင်များအား စွမ်းဆောင်ရည်မြင့်မားစေရေး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စက်ပစ္စည်းကိရိယာများအား ကျွမ်းကျင် စွာအသုံးပြုနိုင်ရေးတို့အတွက် Hydraulic tool များအသုံးပြုလေ့ကျင့်ခြင်းကို ယနေ့ နံနက်(၈) နာရီက မြို့နယ်မီးသတ်စခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 23,2020
အင်္ဂပူမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့်မဲရုံမှူး၊ ဒုမဲရုံမှူးများအား မဲရုံလုပ်ငန်း ဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရန် မဲရုံမှူးနည်းပြသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးအစည်းဝေးခန်းမမှ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Oct 23,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများ ပို့ဆောင်ခြင်းနှင့် အခြားပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်နေသည့် ရန်ကုန်တိုင်း ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ထာဝရအလင်းတန်း လူမှုကူညီ ကယ်ဆယ်ရေးပရဟိတ အသင်းသို့ အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း သုံး ပစ္စည်းများနှင့် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 23,2020
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ မဒေါ့ကုန်းကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော စီးပွားဖြစ်မျိုးသန့် မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်း စံကွက် ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။
Oct 23,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသာ ကိုဗစ်-၁၉ပိုးတွေ့ အတည်ပြုလူနာ(၆)ဦးမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယနေ့နံနက်က ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။