Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရန်ကုန်တောင်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကိုဗစ်ကာလ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ လှူဖွယ်ပစ္စည်းမျ…
Oct 23,2020
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်ကာလ သံဃာတော်များ၊ သီလရှင်များ ဆွမ်းကိစ္စအဆင်ပြေစေရေး အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်(သန်လျင်)မှ ဆွမ်းကွမ်း အခက်အခဲရှိသော သန်လျင်မြို့နယ် ညောင်ရေသွန်းကျောင်းတိုက်နှင့် မြို့ဟောင်းအရှေ့ရပ်ကွက်ရှိ ကေသာရဝတီ သီလရှင်သင်ပညာရေး ကျောင်းများသို့ ယမန်နေ့ နံနက်တွင် ခရိုင်ဦးစီးအရာရှိ ဒေါ်လှပိုမိုနှင့် ဝန်ထမ်းများ သွားရောက်၍ ကျပ်(၂)သိန်းတန်ဘိုးရှိ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်း များအား ဆက်ကပ်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ရပ်ကွက်ကျေးရွာ ပြည်သူများမှ တောင်းခံထားသည့် လုပ်ငန်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်
Oct 23,2020
ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ (၁၄) ခုအတွက် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များနှင့် အားကစားဆိုင်ရာ ကဏ္ဍများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် မဲရုံလုပ်ငန်းဆိုင်ရာသင်တန်း ပို့ချမည်
Oct 23,2020
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့် ဒုမဲရုံမှူးများကို မဲရုံလုပ်ငန်း ဆိုင်ရာသင်တန်းအား အောက်တိုဘာလ ၂၄ ရက် နှင့် ၂၅ ရက်တို့တွင် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျေးရွာအုပ်စုများရှိ မဲရုံများအား ကွင်းဆင်းစစ်ဆေး
Oct 23,2020
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် ကျေးရွာအုပ်စုများတွင် ထားရှိဆောင်ရွက်မည့် မဲရုံများသို့ ယမန်နေ့က မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်းပြီး ဆွေးနွေး ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အရာတော်မြို့တွင် မဲရုံမှူး၊ ဒုမဲရုံမှူး ဆောင်ရွက်မည့်သူများအား မဲရုံတာဝန်များနှင့် မဲပေးနည်း လက်တွေ့ သရုပ်ပြ
Oct 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းတွင် မဲရုံ လုပ်ငန်းတာဝန်များနှင့် မဲပေးနည်း လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွာသစ်မြို့၌ တောင်သူများ၏ ဆောင်းသီးနှံ စိုက်ခင်း ပိုးမွှားများ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်း ကြည့်ရှု
Oct 23,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်- ရွာသစ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ၏ ဆောင်းသီးနှံ စိုက်ခင်း ပိုးမွှားများ ကျရောက်မှု ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ စံပြ စိုက်ကွင်း၌ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ(၃၆)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်
Oct 23,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့်ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ ယနေ့ နံနက်(၁၁)နာရီ အချိန်က နေရပ်ပြန်ပြည်သူ(၃၆)ဦးတို့အား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာသင်တန်း ဖွင့်လှစ် ပို့ချ
Oct 23,2020
ကျောက်တံတားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် တာဝန်ယူကြမည့် ဆရာ/ဆရာမ များအား ရွေးကောက်ပွဲဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့ နံနက်(၉)နာရီမှ စတင်ကာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28534
Page
28535
Page
28536
Page
28537
Current page
28538
Page
28539
Page
28540
Page
28541
Page
28542
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department