Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ သင်တန်း(ဒုတိယနေ့) ဆက်လက်ပို့ချ၊ တိုင်းနှင့် ခရိုင် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများ လာရောက်ဆ…
Oct 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအဖြစ် တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ သင်တန်း(ဒုတိယနေ့)ကို ယမန်နေ့ နံနက်(၉)နာရီမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ သက်ဆိုင်ရာ သင်တန်း နည်းပြများမှ ဆက်လက် ဆွေးနွေး ပို့ချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပုလဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး နောက်ဆုံးတွေ့ရှိသည့် အတည်ပြုလူနာ ၁ ဦး ကျန်းမာရေး ကောင်းမွန်လာ၍ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆင်းခွင့်ရရှိ
Oct 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုး နောက်ဆုံးတွေ့ရှိသည့် အတည်ပြုလူနာ ၁ ဦးသည် ကိုဗစ် - ၁၉ ရောဂါလက္ခဏာ ပျောက်ကင်းပြီး ကျန်းမာရေး ကောင်းမွန်လာ၍ ယနေ့ နံနက် ၁၀နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်၌ မဲရုံများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်
Oct 23,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ
အပြည့်အစုံ ဖတ်ရန်
ပင်လည်ဘူးမြို့နယ်အတွင်းရှိ ကျေးရွာများ၏ ရေသုံးစွဲမှု အခြေအနေများအား RWS MIS ဖြင့် ကောက်ယူစုစည်းပြီး သန့်ရှင်းခြင်း ရှိမရှိ Ecoli Test Kit များ စမ်းသပ်စစ်ဆေး…
Oct 23,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများ၏ ရေသုံးစွဲမှုအခြေအနေများအား Rural Water Supply Management Information System ဖြင့် ကောက်ယူစုစည်းပြီး သန့်ရှင်းခြင်းရှိမရှိ Ecoli Test Kit များ စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ် - ၁၉ ရောဂါပိုးတွေ့လူနာ ၂၃ ဦး ပြန်လည်ကျန်းမာလာ၍ ဆေးရုံကဆင်း
Oct 23,2020
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့လူနာများကို ပြည်နယ်ပြည်သူ့ ဆေးရုံကြီး (ဘားအံ)၊ ကုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံနှင့် ပညာရေးကောလိပ် (ဘားအံ) တို့တွင်ထားရှိ၍ အထူးကြပ်မတ်ကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပိုးတွေ့လူနာ ၂၃ ဦး သည် ပြန်လည်ကျန်းမာလာ၍ နေအိမ်သို့ ပြန်သွားကြပြီ ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုဝိုင်းလွတ်မြို့တွင် အသက် ၉ နှစ်နှင့် ၁၀ နှစ်အကြား အမျိုးသမီးများကို ပထမအကြိမ် (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်
Oct 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခနီ္တခရိုင်၊ မိုဝိုင်းလွတ်မြို့တွင် အောက်တိုဘာလ ၂၃ ရက် နံနက် ၉ နာရီအချိန်တွင် မိုဝိုင်းလွတ် အမှတ်(၁)ရပ်ကွက်ရှိ ကျန်းမာရေးဌာနခွဲတွင် အသက် ၉ နှစ်မှ ၁၀ နှစ်ကြား ကလေးများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံးမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်ပို့ချ
Oct 23,2020
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်ပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့်မဲရုံမှူး၊ ဒုတိယမဲရုံးမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က ဘုတ်ပြင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့ ပြည်သူ့စာကြည့်တိုက်မှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံပြောခြင်းအစီအစဉ် များကို Online မှ ရိုက်ကူးတင်ဆက်
Oct 23,2020
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် ၁၀ နာရီက ပုံပြောခြင်း အစီအစဉ်ကို Online မှ ရိုက်ကူးတင်ဆက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28535
Page
28536
Page
28537
Page
28538
Current page
28539
Page
28540
Page
28541
Page
28542
Page
28543
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department