အမြို့မြို့အနယ်နယ်သတင်းများ

Oct 21,2020
ပုလောမြို့နယ်တွင် (HPV ) ကာကွယ် ဆေးကို ပုံမှန်ကာကွယ် ဆေးထိုးအစီအစဉ်တွင် စတင် ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲကို ယနေ့ မွန်းလွဲ (၁)နာရီက ပုလောမြို့ မိခင်နှင့်ကလေး ကျန်းမာရေး ဌာနတွင် ပြုလုပ်ခဲ့သည်။
Oct 21,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းခြင်းနှင့် ပတ်သက်၌ အသိပေးရှင်းလင်းခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Oct 21,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမ ၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် များနှင့် ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီမှစတင်၍ ဆန္ဒမဲလက်မှတ်များကို ဖွင့်ဖောက်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
Oct 21,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံများအလိုက် မဲရုံသုံးပစ္စည်းများ ပြည့်စုံမှန်ကန်စေရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်း က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Service-OSS) ၌ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
Oct 21,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၂၁)မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို တာချီလိတ်-ကျိုင်းတုံ-ဟောင်လိတ်လမ်းဆုံ၌ ယနေ့နံနက် ၉ နာရီအချိန် က ပြုလုပ်ခဲ့ကြသည်။
Oct 21,2020
​ကျောက်တံတားမြို့နယ် ၃၈လမ်း​ရှိ Community Based Facility Quarantine Center (ပြည်သူအ​​ခြေပြု အသွားအလာကန့်သတ်​​ ​စောင်ကြည့်​နေရာ) သို့ ကိုဗစ်-၁၉​ရောဂါ ကာကွယ်၊ ကုသထိန်းချုပ်​ရေးလုပ်ငန်းများ​ ဆောင်ရွက်နိုင်ရေးအတွက် အလှူ​ငွေနှင့် ပစ္စည်းများကို မြို့နယ်အတွင်းရှိ ပြည်သူများနှင့် အလှူရှင်​စေတနာရှင်များမှ​ နေ့စဉ်လာ​ရောက် လှူဒါန်း​ပေးလျက်ရှိရာ ယ​နေ့ နံနက်ပိုင်းတွင်လည်း ဒဂုံမြို့နယ်​မှ ဦးဇော်မင်းထွန်း မိသားစုမှ​ ခေါင်း​လျှော်ရည်ဗူး (၇၂)ဗူး လာ​ရောက် လှူဒါန်း​ပေးခဲ့ရာ Quarantine Centre မှ တာဝန်ရှိသူဒုမြို့နယ် အုပ်ချုပ်​ရေးမှူး ဦးမျိုးမြင့်နှင့် အဖွဲ့က လက်ခံရယူခဲ့ကြောင်း သိရသည်။
Oct 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီကာလ အတွင်း ရေကြီးရေလျှံမှု များ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 21,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်ရာတွင် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို အဆင့်သင့်ထည့်သွင်း အသုံးပြုသွားနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေး ကြိုးဖြင့် တပ်ဆင်ချိတ်ပိတ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမတွင် ယမန်နေ့ ညနေ(၃) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။