အမြို့မြို့အနယ်နယ်သတင်းများ

Oct 21,2020
တနင်္ဿာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် စည်ပင်သာယာစျေး ပျံကျစျေးများ၌ ကိုဗစ်−၁၉ ကာလအတွင်း သတ်မှတ် စည်းကမ်းချက်များနှင့် အညီရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 21,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီ က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 21,2020
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီ၀င်များနှင့် ဌာနဆိုင်ရာ၀န်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ ညနေ(၄)နာရီက ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
Oct 21,2020
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်း ကော်မတီက နေအိမ်မှ ပြင်ပသို့ ထွက်ခွာသွားလာသူတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးမှသာ သွားလာကြရမည်ဟု ကြေညာထားပြီး ဖြစ်သော်လည်း မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ခရီးသွားပြည်သူတစ်ချို့မှာ လိုက်နာ ဆောင်ရွက်မှု အားနည်းနေသေးသဖြင့် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွနေရာများ အပါအဝင် လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ သွားလာနေသူများအား ချက်ချင်းဝယ်၊ ချက်ချင်းတပ် ပုံစံဖြင့် အရေးယူ ဆောင်ရွက်ခဲ့ကြသည်။
Oct 21,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်ပါစာအိတ်များထည့်မည့် ကြိုတင်မဲပုံးများအား အလွတ်များဖြစ်ကြောင်း ပြသပြီး လုံခြုံရေးကြိုးများဖြင့်ချိတ်ပိတ်ခြင်းကို ယမန့်နေ မွန်းလွဲ(၁)နာရီ၌ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။
Oct 21,2020
နမ္မတူမြို့နယ်တွင် အသက် (၉)နှစ်မှ (၁၀)နှစ်အရွယ် အမျိုးသမီးငယ်များကို (HPV)ရောဂါပိုးကြောင့် ဖြစ်ပွားတတ်သော သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် (၁)နာရီအချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရှိ နားနေဆောင်ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
Oct 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးအတွက် PPE ဝတ်စုံ(၁၀၀)စုံနှင့် Oxygen Cylinder များကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)တွင် အလှူရှင်များက အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။