Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ခရမ်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့ဈေးများ၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask မပါရှိသူများအားအခမဲ့ဖြန့်ဝေ
Oct 21,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဈေးများအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိမရှိစစ်ဆေး ၍ Mask တပ်ဆင်မှုမရှိသူများကို mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ်တွင် HPV သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံပေး
Oct 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် Human Papilloma Virus (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံခြင်းကို ယနေ့နံနက် (၈) နာရီတွင် လေးမျက်နှာမြို့နယ် မြတ်စေတနာ (အခမဲ့) ဆေးခန်းတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်း အသိပေးဆွေးနွေးခြင်းနှင့် ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Oct 21,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်း အသိပေးဆွေးနွေးခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ်၌ (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင် ထည့်သွင်းထိုးနှံ
Oct 21,2020
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ အသက် ၉ နှစ်၊ ၁၀ နှစ်အရွယ် မိန်းကလေးငယ်များ အား ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး စတင် ထည့်သွင်း ထိုးနှံပေးခြင်းကို ယမန်နေ့ကစတင်၍ ရပ်ကွက်နှင့် ကျေးရွာများရှိ မိခင်ကလေး ကျန်းမာရေး ဌာနစုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ နေ့/ညမပျက် စစ်ဆေးဆောင်ရွက်
Oct 21,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ညမပျက် စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့ မိုင်းလုံးမီးပွိုင့်၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်တွင် (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံရာ ပထမရက်တွင် အမျိုးသမီးငယ် (၄၃၁) ဦးအား ထိုးနှံပြီးစီး
Oct 21,2020
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင် (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေး ထိုး အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် နိုင်ငံတော်မှ ကျင်းပ ပြုလုပ်သည့် ဖွင့်ပွဲ အခမ်းအနားကို Video Conferencing စနစ်ဖြင့် ပြသကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တောင်သာမြို့နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန် ပေးအပ်ပွဲကျင်းပ
Oct 21,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဒေသန္တရ စီမံကိန်းနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ရင်းနှီးမြှုပ်နှံ့မှု ရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ (၁,၆၂၈,၂၆၆) ဧက စိုက်ပျိုးသွားမည်
Oct 21,2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၁၀) ခုနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ရှိမြို့နယ်များတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် ဆီထွက်သီးနှံ အဖြစ်(၁၆၂၈၂၆၆)ဧကကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28566
Page
28567
Page
28568
Page
28569
Current page
28570
Page
28571
Page
28572
Page
28573
Page
28574
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department