အမြို့မြို့အနယ်နယ်သတင်းများ

Oct 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် အထက(၁)ကျောင်းရှိ Community Based Facility Quarantine Centre ရှိ Quarantine ဝင်ရောက်နေသူ စောင့်ကြည့် လူနာများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Diagnosis Test Kit များဖြင့် ဆက်လက်စစ်ဆေးခြင်းကို ယမန်နေ့နံနက်( ၁၀) နာရီအချိန်က ကျန်းမာရေးဝန်ထမ်းများမှ လာရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 21,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPV သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်က ကော့ကရိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Oct 21,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျရောက်မည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ
Oct 21,2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုရရှိစေရန်နှင့် စွမ်းအားပြည့်အသုံးပြု နိုင်ရေး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတို့မှ ငွေကျပ်သန်း (၃၆၇၁၆.၁၇၅)ဖြင့် အကုန် အကျခံ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Oct 21,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း အစီအစဉ်တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ်များအား HPV ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စတင်ထည့်သွင်း၍ ထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 21,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ပြည်သူဆေးရုံသို့ ကိုဗစ် - ၁၉ ကာကွယ်ရေးပစ္စည်းများကို စေတနာရှင်၊ အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 21,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲ၌ ဆန္ဒမဲပေးခြင်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံဝန်ထမ်းများအား ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ရွေးကောက်ပွဲ ဆိုင်ရာများ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
Oct 21,2020
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက လမိုင်းမြို့အဝင် နှစ်ကရင်လမ်းဝဂိတ်တွင် အရှိန် အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။