အမြို့မြို့အနယ်နယ်သတင်းများ

Oct 21,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ဆေးမျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ခွင့်ပြုမဲ့နှင့် သက်တမ်းလွန် ဆေးဝါးများနှင့် ကိုဗစ်ပျောက်လျှက်ဆား နှင့် ခွင့်ပြုမဲ့ တိုင်းရင်းဆေးဝါးများ ရောင်းချခြင်း မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ခရမ်းမြို့ မြို့မဈေးကြီးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
Oct 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ တိုးချဲ့ကာ ကွယ်ဆေးထိုး လုပ်ငန်းစီမံချက်မှ ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်တွင် (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 21,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း အခြေခံလူတန်းစားများ၏ စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စုများနှင့် ဌာနဆိုင်ရာများ အတွက် ဆန်၊ ဆီ၊ အာလူး၊ ပဲ၊ ကြက်သွန်နီ၊ ကြက်ဥ၊ ငါးသေတ္တာ၊ ကြက်သား၊ အချိုရည် စသည့် အခြေခံ စားသောက်ကုန်(၉)မျိုးကို အစ္စလာမ့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း မြန်မာ(IDSM) မှ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သီရိဇေယျနော်ရထာ ခန်းမ၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ (၄၁) လမ်း ကမ်းနားတွင် ပန်းလှိုင်မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ ယမန်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က နေအိမ် (၂) လုံးအား ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ပေးခဲ့ရသည်။
Oct 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက် (၉) နာရီ၌ အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး စတင်၍ ထိုးနှံပေးသည်။
Oct 21,2020
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့တွင် အသက် ၉ နှစ် မှ ၁၀ နှစ်အတွင်းရှိ မိန်းကလေး ငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံခြင်း လုပ်ငန်းကို ယနေ့ နံနက် ၈ နာရီက မြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများ၌ ပြုလုပ်ခဲ့သည်။
Oct 21,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ပုံမှန်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တွင် (HPV) ကာကွယ်ဆေးစတင်ထည့်သွင်းထိုးနှံခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ် ခဲ့သည်။
Oct 21,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အောက်တိုဘာလ ၂၀ ရက်နေ့က ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်း ဆောင်ရွက်ခဲ့ရာ သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ စေစပ်ညှိနှိုင်းရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။