Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆွမ်ပရာဘွမ်မြို့နယ်၌ မဲရုံမှူး - ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်
Oct 20,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မဲရုံမှူး- ဒုမဲရုံးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခန့်က မြို့တော်ဘန်ရူခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်
Oct 20,2020
လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် မိုင်းအင်ကျေးရွာ တိုက်နယ်ဆေးရုံကြီး၏ အရှေ့လမ်းမပေါ်၌ လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် Mask Campaign ကို ယနေ့ နံနက် ၁၀ နာရီအချိန် က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာသွားလာနေသော ပြည်သူများအား အသိပညာပေး ဆောင်ရွက်
Oct 20,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာ နေသောပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များက ယနေ့ နံနက် (၈) နာရီအချိန်၌ လူသွားလူလာများသော စျေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဦးအောင်ဇေယျလမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ကာလ နိုင်ငံတော်အစိုးရ အထောက်အပံ့ မရရှိဖူးသော အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများထံ အခြေခံ စားသောက်ကုန်ပစ္စည်း(၅)မျိုး အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်…
Oct 20,2020
ကိုဗစ်-၁၉ Stay at home ကာလ အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများ စားသောက်ရေးအဆင်ပြေစေရန် အတွက် နိုင်ငံတော်အစိုးရ၏ အထောက်အပံ့ တစ်ကြိမ်မျှမရရှိဖူးသော ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ရပ်ကွက်များအတွင်းရှိ အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများထံ အခြေခံ စားသောက်ကုန်ပစ္စည်း ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်(၅)မျိုးတို့ကို သင်္ဃန်းကျွန်းမြို့နယ်
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့နယ်တွင် မိန်းကလေးငယ် (၁၄၁၈) ဦး အား သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးကို စီမံချက်ဖြင့် ထိုးနှံပေးမည်
Oct 20,2020
ကျန်းမာရေးဝန်ကြီးဌာနမှ ပုံမှန်ကာကွယ်ဆေးထိုး/တိုက်ကျွေးမည့် အစီအစဉ်တွင် သားအိမ်ခေါင်း ကင်ဆာရောဂါ ဖြစ်ပွားမှုမှကာကွယ်ရန် အသက်(၉)နှစ်နှင့် (၁၀)နှစ်အကြား မိန်းကလေးငယ်များ အတွက် သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေးကို မူဆယ်မြို့နယ်အတွင်းရှိ မိန်းကလေးငယ် (၁၄၁၈)ဦးတို့အား ထိုးနှံပေးသွားရန် ရည်မှန်းထားကြောင်း ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲအတွက် မဲရုံအလိုက် ပြင်ဆင်ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Oct 20,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်နှင့် ကျေးရွာများ တွင် ထားရှိဆောင်ရွက်မည့် မဲရုံများသို့ ယမန်နေ့ ညနေပိုင်းက မိုးနဲမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်း ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်၌ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး Mask Campaign ဆောင်ရွက်
Oct 20,2020
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ နေအိမ်ပြင်ပ ထွက်ခွာသွားလာသူတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီက လှည်းကူးမြို့နယ် အတွင်း လူစည်ကားရာနေရာများ မြိုမဈေးအဝင်/အထွက် အပေါက်နေရာနှင့် လှည်းကူးတာဆုံ မီးပွိုင့်နေရာများတွင် အဖွဲ့များခွဲ၍ Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့်မဲရုံအဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်
Oct 20,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28601
Page
28602
Page
28603
Page
28604
Current page
28605
Page
28606
Page
28607
Page
28608
Page
28609
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department