Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အလုံမြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်စင်တာ (Quarantine Centre)များအတွက် အလှူငွေနှင့် စားသောက်ဖွယ်များလှူဒါန်း
Oct 18,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံနှင့် အ-ထ-က(၄)အလုံ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများတွင် အသုံးပြရန်နှင့် အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်နေ့က အလှူငွေ၊ စားသောက်ဖွယ်များနှင့် သောက်ရေသန့်များ Mask လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး ပညာပေးလုပ်ငန်းဆောင်ရွက်
Oct 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မြှင့်မားလာသဖြင့် တားဆီးကာကွယ် နိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် ပြည်သူ များ သိရှိလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်း ၉ နာရီခွဲမှ နံနက် ၁၁ နာရီအချိန်ထိ ၁ ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီထိ ၁ ကြိမ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်း လူစည်ကားရာနေရာနှင့် သတ်မှတ်နေရာ(၆)နေရာတို့တွင် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရန် ပျက်ကွက်သူများအား ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအစည်းအဝေးကျင်းပ
Oct 18,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအစည်း အဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အလုံမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ အမိုးပြာဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့ အထက်ရပ်ကွက်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများလှူဒါန်း
Oct 18,2020
မိုင်းလုံမြို့ အထက်ရပ်ကွက်နေ ဦးတင်ထွေးနှင့် သမီး မိသားစုတို့က အထက်ရပ်ကွက်အတွင်းရှိ မိသားစု များအား အခြေခံစားသောက်ကုန်ပစ္စည်းများကို ယမန်နေ့ နံနက် (၈)နာရီအချိန်ခန့်က စေတနာရှင် မိသားစု၏ အိမ်ရှေ့တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အနာကြီးရောဂါ ခံစားရသူများအတွက် ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့
Oct 18,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် အနာကြီးရောဂါ ကိုယ်အင်္ဂါချွတ်ယွင်းမှု အဆင့်(၂)ခံစား နေရသူများအား ယမန်နေ့ နံနက်ပိုင်းမှစ၍ အိမ်တိုက်ရာရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် အနောက်ရေပြားတောကျေးရွာတွင် ပဉ္စမအကြိမ် မြစိမ်းရောင်စီမံကိန်းချေးငွေများ ထုတ်ချေးပေး
Oct 18,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်း လာစေရေး အတွက် ရည်ရွယ်ပြီး အရင်းမပျောက် မတည်လည်ပတ်ရန်ပုံငွေ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၃၀၀)ကို ဖွံ့ဖြိုးမှုနည်းသည့် ကျေးရွာများအား ရွေးချယ်ပြီး ထုတ်ချေးပေးလျက်ရှိရာ အောက်တိုဘာ ၁၆ ရက်နေ့ မွန်လွဲ(၂)နာရီခွဲအချိန်က အနောက်ရေပြားတောကျေးရွာတွင် စီမံကိန်းချေးငွေများ ပဉ္စမအကြိမ်အဖြစ် မြစိမ်း ရောင်စီမံကိန်းငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လိုင်စင်ရ နိုင်ငံခြားအရက်၊ ဘီယာဆိုင်များ ကို ခွင့်ပြုလိုင်စင်နှင့်အညီရောင်းချခြင်းရှိ/မရှိ စစ်ဆေး
Oct 18,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ယစ်မျိုးစုပေါင်းစစ်ဆေးရေးအဖွဲ့သည် ယစ်မျိုးဥပဒေ (၁၈+၁၉+၂၀) အရ အတည်ပြုဖွင့်လှစ်ခွင့်ပြုသည့် လိုင်စင်ရ နိုင်ငံခြားအရက်၊ ဘီယာဆိုင်များ ကို ခွင့်ပြုလိုင်စင်နှင့်အညီရောင်းချခြင်း ရှိ/မရှိ ယမန်နေ့က စစ်ဆေးခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီခရိုင်ရှိ ရဲမှုထမ်းဟောင်းများအား အခြေခံစားကုန် ၄ မျိုးထောက်ပံ့
Oct 18,2020
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်အတွင်းရှိ ချို့တဲ့ရဲမှုထမ်းဟောင်း ၁၁၈ ဦး အတွက် ရိက္ခာအမယ်(၄)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို သာယာဝတီခရိုင်၊သာယာဝတီမြို့ ဆရာစံခန်းမ၌ ယမန်နေနံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28642
Page
28643
Page
28644
Page
28645
Current page
28646
Page
28647
Page
28648
Page
28649
Page
28650
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department