Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၅၀)ကျောင်းသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Oct 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာလ အတွင်း ဆွမ်းအခက်အခဲမရှိစေရန်အတွက် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၅၀)ကျောင်းသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို အောက်တိုဘာ ၁၆ ရက်က ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း(SMU)လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Oct 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ပင်းမလွတ်ကျေးရွာရှိ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက် နေသော ဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း(SMU)လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု များအား အောက်တိုဘာလ(၁၆)ရက်နေ့က တာဝန်ရှိသူများ သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းတပ်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ အစည်းအဝေး ပြုလုပ်
Oct 18,2020
မင်းတပ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် အဖွဲ့ဝင်များက နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ချေးငွေများဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်နေမှုအား ကွင်းဆင်းကြီးကြပ်ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးသုံး…
Oct 18,2020
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ချေးငွေများဖြင့် ပခုက္ကူမြို့နယ်၊ ဖောင်းကွဲကျေးရွာတွင် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်မှုအခြေအနေတို့အား တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြီးကြပ်ပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Oct 18,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်
Oct 18,2020
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ ၁၆ ရက် နံနက် ၁၀ နာရီ က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ နမ့်စန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးဦးစိုးထိုက်မြင့် ၊ ခိုလမ်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးစံသောင်းနှင့်အဖွဲ့ဝင်များ ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း များ တက်ရောက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ်ထုတ်ပေး
Oct 17,2020
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ မြစိမ်းရောင်လုပ်ငန်း ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာ စီမံကိန်းအား (၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ်မှစတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး (၂၀၁၉-၂၀၂၀)ခုဘဏ္ဍာရေးနှစ်ထိ ယူနစ်(၁၅)ယူနစ် ကျေးရွာပေါင်း(၂၅)ရွာတွင် စီမံကိန်းလည်ပတ် ရန်ပုံငွေကျပ်သန်းပေါင်း(၇၁၃.၇)သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာများအနက် ကဒူးကြီးကျေးရွာအုပ်စု နားဟီးကျေးရွာမြစိမ်းရောင်စီမံကိန်း ချေးငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား ယမန်နေ့က မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မှမြို့နယ်ဦးစီးမှူး ဦးစိုင်းစံထွန်းလင်းနှင့်ဝန်ထမ်းများမှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကော်မတီဝင်များနှင့်တွေ့ဆုံကာ စာရင်းဇယားများမှန်ကန်စွာဖြည့်သွင်း ဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28643
Page
28644
Page
28645
Page
28646
Current page
28647
Page
28648
Page
28649
Page
28650
Page
28651
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department