အမြို့မြို့အနယ်နယ်သတင်းများ

Oct 16,2020
ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ Mask တပ်ဆင်သွားလာရေး အသိပညာပေးနှင့် အပြစ်ဒဏ် ငွေပေးဆောင်စေခြင်းတို့ကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများ ဖြစ်သည့် ပင်လုံဈေး၊ အောင်သုခဈေး နှင့် ရွှေရင်အေးဈေး တို့တွင် ဆောင်ရွက်သည်။
Oct 16,2020
နွားထိုးကြီးမြို့၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်ကြ မည့် အထူးရဲ (SPECIAL POLICE) များအားလေ့ကျင့်သင်ကြားပေးမှု သင်တန်းကို အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဇော်မိုးမှ ဦးဆောင်၍ အောက် တိုဘာ ၁ရက်နေ့မှ စတင်၍ သင်ကြားပေးလျက်ရှိသည်။
Oct 16,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ခြင်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 16,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားလာပါက တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် နိုင်ငံသားများအား နိုင်ငံတော်အရန် ရိက္ခာဆီအဖြစ် ဖြန့်ဝေပေးနိုင်ရန် မြို့နယ်အလိုက်ပေးပို့ထားရှိပြီး ဖြစ်ရာ၊ အဆိုပါအရန်ဆီ များထားရှိရာဂိုဒေါင်ကို လက်ခံ၊ သိုလှောင်၊ထိန်းသိမ်းရေးအဖွဲ့တာဝန်ရှိသူများက၊ ယနေ့ နံနက်(၁၀)နာရီက အပတ်စဉ်သန့်ရှင်းရေးဆောင် ရွက်ခဲ့ကြောင်းသိရသည်။
Oct 16,2020
ကမ္ဘာ့လက်ဆေးခြင်းနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်နှင့် မြို့နယ် ကြက်ခြေနီအသင်းတို့ပူးပေါင်း ၍ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်−၁၉ကူးစက်ရောဂါ ပြန်ပွားမှု မဖြစ်ပေါ်စေရေး ကာကွယ်ထိန်းချုပ်ရေး အတွက် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေရေး ယနေ့နံနက် (၈)နာရီက အုန်းပင်ခြံလမ်းဆုံ ရန်ကုန်−မန္တလေး အမြန် လမ်းမကြီးဘေးတွင် ပြည်သူများအား နှာခေါင်းစည်း Mask များဖြန့်ဝေ၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါသည်။
Oct 16,2020
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အသက် ၁၀နှစ်အောက် ကလေးသူငယ်များ အာဟာရဖွံ့ဖြိုးရေးအဖြစ် နွားနို့တိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉) နာရီ အချိန်က မြစ်သားမြို့နယ်အတွင်းရှိ နေရှင်နယ်ပရဟိတ ဂေဟာ နှင့် ပေတော ပရဟိတဂေဟာများသို့ သွားရောက်တိုက်ကျွေးခဲ့ကြောင်းသိရသည်။
Oct 16,2020
ကယားပြည်နယ်အတွင်း အသွားအလာ ကန့်သတ်ခြင်း ခံထားရသူများ၏ ဓာတ်ခွဲနမူနာများကို (၁၅.၁၀.၂၀၂၀) ရက်နေ့တွင် တောင်ကြီးမြို့ ၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (PHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ တောင်ကြီးမြို့၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (PHL) ၏ ဆေးစစ်ဆေးချက် အဖြေထုတ်ပြန်ချက်အရ ကယားပြည်နယ် လွိုင်ကော်မြို့မှ ရန်ကုန်ပြန် အမျိုးသမီး(၁)ဦး၏ အဖြေမှာ ရောဂါ ပိုးတွေ့ရှိ (ပိုးတွေ့ရှိ)ကြောင်း သိရှိရသည်။