Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝေါလေမြိုင်မြို့၌ စည်ပင်သာယာရေးအဖွဲ့မှ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပြီး နှာခေါင်းစည်း တပ်ရန်အသိပေး
Oct 16,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ဝေါလေမြိုင်မြို့၊ စည်ပင်သာယာရေး အဖွဲ့မှ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပြီး နှာခေါင်းစည်းတပ်ရန် အသိပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းကိုင်မြို့နယ်၌ နှာခေါင်းစည်းမတပ်ဆင်သူများအား ဒဏ်ငွေပေးဆောင် အရေးယူသွားမည်
Oct 16,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျှက်ရှိရာ ယနေ့နေ့လည် ၁ နာရီ က မိုင်းကိုင်မြို့နယ် မြို့မဈေးရှေ့၌ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီ ပူးပေါင်းအဖွဲ့မှ အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ်တွင် ဒုတိယအကြိမ် ကပ်ထားသည့် မဲစာရင်းအား လာရောက်ကြည့်ရှု သူ ၁၃၇၉၁ ဦးရှိ
Oct 16,2020
၂၀၂၀ ပြည့်နှစ် ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို သတ်မှတ်ပုံစံ အတိုင်း အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ညောင်လေးပင်မြို့နယ်အတွင်းရှိ သက်ဆိုင် ရာရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် ကပ်ထား ကြေညာထားရာ လာရောက် ကြည့်ရှုသူ ၁၃၇၉၁ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေး ထောက်ပံ့ခြင်းအစီအစဉ် မိတ်ဆက်ခြင်းနှင့် ODK ဖြင့်အကျိုးခံစားသူ စာရင်းသွင်းခ…
Oct 16,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုယ်ဝန် ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်မိတ်ဆက်ခြင်းနှင့် ODK အကျိုးခံစားသူ စာရင်းသွင်းခြင်း သင်တန်းကို ယနေ့မွန်းလွဲ (၁)နာရီအချိန် က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အခြေခံ ပညာကျောင်း(၂)ကျောင်းအတွက် ကွန်ပျူတာ၊ Printer နှင့် မီးစက်မျာ…
Oct 16,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ဝေးလံပြီး လတ်တလော လျှပ်စစ်မီးမပေးနိုင် သေးသည့် အခြေခံပညာကျောင်း(၂)ကျောင်းအတွက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက ကွန်ပျူတာ၊ Printer နှင့် မီးစက်များကို ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့တွင် အသိပညာပေး ဗီဒီယိုများကို Online မှ တစ်ဆင့်တင်ဆက်
Oct 16,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဒေသနေပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး Online မှ တစ်ဆင့် အသိပညာပေး ဗီဒီယိုများကို ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် သတ်မှတ်လျာထားသည့် မဲရုံပြုလုပ်မည့်နေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 16,2020
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးနိုင်ရန်အတွက် ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် သတ်မှတ်လျာထားသည့် မဲရုံပြုလုပ်မည့် နေရာများကို ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်း က ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များပြသ
Oct 16,2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက် အသိပညာပေးနံရံကပ် စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28650
Page
28651
Page
28652
Page
28653
Current page
28654
Page
28655
Page
28656
Page
28657
Page
28658
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department