Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအား သက်သာသော နှုန်းထားဖြင့် ဆန်များရောင်းချပေး
Oct 16,2020
မော်လမြိုင်ကျွန်း မြို့နယ်တွင် ယနေ့မှစတင်ကာ မြို့နယ်ဆန်စက် လုပ်ငန်းရှင်များအသင်း၊ ဆန်စက်ပိုင်ရှင်များစုပေါင်း၍ ကျပ်သိန်း (၁၀၀)မတည်ထားကာ "စရိတ်မျှပေး ကူညီထောက်ပံ့ရေး" အစီအစဉ်ဖြင့် နို့ဆီဘူးတစ်ဘူးလျှင် တစ်ရာကျပ်နှုန်းဖြင့် (၁၀)လုံးစာ တစ်ထောင်ကျပ်တန် ဆန်အိတ်ငယ်များကို မြို့နယ် Emergency Volunteer Team အသင်းသားများမှ အိမ်တိုင်ရာရောက် လိုက်လံ ရောင်းချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ODK (Mobile Application)ဖြင့် ဒုတိယအကြိမ် အကျိုးခံစားသ…
Oct 16,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက် (၂)နှစ်အောက် ကလေးသူငယ်များ ODK (Mobile Application) ဖြင့် ဒုတိယအကြိမ် အကျိုးခံစားသူ စာရင်းသွင်းခြင်းမွမ်းမံသင်တန်းအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြို့နယ်တွင် ကြိုတင်မဲပုံးများကို နိုင်ငံရေးပါတီ ကိုယ်စားလှယ်များရှေ့တွင် လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ် တပ်ဆင်
Oct 16,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲအတွက် ကြိုတင်ဆန္ဒမဲများထားရှိရမည့် ဆန္ဒမဲပုံးများကို နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ရှေ့တွင် မဲဆန္ဒပုံးများအလွတ်ဖြစ်ကြောင်း ပြသခြင်းနှင့် လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်းကို အောက်တိုဘာ၁၆ ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ငွေသဲဖြူ) ခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့၌ ကိုယ်ဝန်ဆောင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်၂ နှစ်အောက် ကလေးများအား ထောက်ပံ့ကြေးပေးသည့် အစီအစဉ်အတွက် ODK Mobile Application အသုံးပြုနည်း သင်…
Oct 16,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုယ်ဝန်ဆောင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်၂ နှစ်အောက် ကလေးများအား ထောက်ပံ့ကြေးပေးသည့် အစီအစဉ်အတွက် ODK Mobile Application သင်တန်းကို အောက်တိုဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ ပြန်/ဆက် ဝန်ထမ်းမိသားစုများမှ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့် စားသောက်ကုန်များလှူဒါန်း
Oct 16,2020
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ မှ ကိုဗစ်ကာလအတွင်း ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းကိစ္စအဆင်ပြေစေရန် ဆွမ်းဆန်စိမ်းနှင့် စားသောက်ကုန်ပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း ဆောင်ရွက်
Oct 16,2020
ပဲခူးတိုင်းဒေသကြီး ၊ ဒိုက်ဦးမြို့နယ် ၊မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်ဖြင့် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယမန်နေ့ ညနေ ၄:၃၀နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနား ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 16,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ မွန်းလွဲ ၁ နာရီက ကျောက်တန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်တွင် Mask တပ်ဆင်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်
Oct 16,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ် အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲအချိန်က လူစည်ကားရာမြို့မဈေး၊ ယာယီဈေးနှင့် ကားဂိတ်တို့တွင် Mask တပ်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28648
Page
28649
Page
28650
Page
28651
Current page
28652
Page
28653
Page
28654
Page
28655
Page
28656
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department