Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒီးမော့ဆိုတွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာသူများအား နှာခေါင်းစည်းတပ်ဆင်ခြင်းရှိ/မရှိစစ်ဆေး
Oct 16,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က ငွေတောင်ကျေးရွာ စိုက်ပျိုးရေးသိပ္ပံ (ဒီးမော့ဆို) ကျောင်းရှေ့၌ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား နှာခေါင်းစည်းတပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရန် မဲပုံးများစနစ်တကျချိတ်ပိတ်ခြင်း ဆောင်ရွက်
Oct 16,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပုံးများစနစ်တကျချိတ်ပိတ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန် က မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask)တပ်ဆင်၍ သွားလာခြင်းမရှိသူများအား အသိပညာပေး အရေးယူခြင်းဆောင်ရွက်
Oct 16,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၌ ပြည်သူများ ကိုဗစ်−၁၉ရောဂါ ကူးစက်ခံရမှုမှ ကာကွယ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း(mask) တပ်ဆင်လာခြင်း မရှိသူများအား စစ်ဆေးပြီး ဒဏ်ငွေများပေးဆောင်စေခြင်း ကိုဗစ်−၁၉ရောဂါကာကွယ်ရေး အသိပညာပေးခြင်း အစီအစဉ်များကို ယနေ့ နံနက် ၈ နာရီခန့်တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့နယ်ရှိ ကျေးရွာပေါင်း ၉၀ တွင် ရေအရည်အသွေး စမ်းသပ်စစ်ဆေးမည်
Oct 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လက်ရှိ သုံးစွဲလျက်ရှိသော သောက်သုံးရေများတွင် ဝမ်းပျက်ဝမ်းလျောဖြစ်ပွားနိုင်သော ရောဂါ ပိုးမွှားများ ပါဝင်မှု ရှိ/မရှိကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Ecoli Test Kit များဖြင့် ကျေးရွာပေါင်း (၉၀) တွင် (ပထမအသုတ်) စမ်းသပ်စစ်ဆေးသွားမည်ဖြစ်ကြောင်း အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်အိမွန်ဟိန်းထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေကြည်မြို့နယ် ကျန်းမာရေးအထောက်အကူပြုကော်မတီဝင်များ၏အလှူငွေဖြင့် Quarantine Center သို့ ကျန်းမာရေးသုံးအထောက်အကူပြု ပစ္စည်းများလှူဒါန်း
Oct 16,2020
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ကျန်းမာရေးအထောက်အကူပြုကော်မတီဝင်မှ တာဝန်ရှိသူများသည် ယနေ့နံနက်(၁၀)နာရီအချိန်က စောင့်ကြည့်လူနာများထားသည့် အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က(၁)တွင် အသွားအလာ ကန့်သတ်ထားသူများနှင့် တာဝန်ကျအဖွဲ့များ အသုံးပြုနိုင်ရန် အတွက် မြို့နယ်ကျန်းမာရေးအထောက်အကူပြု ကော်မတီဝင်များ၏ အလှူငွေဖြင့် နှာခေါင်းစည်း အခု(၃၀၀)၊ face shield အခု (၁၀၀)နှင့် ပိုးသတ်ဆေးဘူး(၁)ဘူးတို့ကို သွားရောက်လှူဒါန်းခဲ့ရာ ဆရာစံအုပ်ချုပ်ရေးမှူး ဦးဟန်အေးက လက်ခံရရှိခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်ကွက်များအတွင်း ပိုးမွှားကျရောက်ဖျက်ဆီးမှု ရှိ/မရှိ ကင်းထောက်စစ်ဆေး
Oct 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီး မှူးဒေါ်တင်စန်းနှင့် စိုက်ပျိုးရေးပညာပေး ဝန်ထမ်းများသည် မြို့နယ်နည်းပညာပြန့်ပွားရေး စင်တာအတွင်းရှိ
အပြည့်အစုံ ဖတ်ရန်
ဝိုင်းမော်မြို့နယ်တွင် ဆန္ဒမဲလက်မှတ်များကို ဖွင့်ဖောက်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်
Oct 16,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများက ယမန်နေ့နံနက်(၈) နာရီမှ စတင်၍ ဆန္ဒမဲလက်မှတ်များကို ဖွင့်ဖောက်စစ်ဆေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့နယ် အောက်ထုံးကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် ရေကာတာပြိုကျ
Oct 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အောက်ထုံးကျေးရွာ တာမိုင် ၂၄မိုင် ၆ဖာလုံ နေရာတွင် ရာဇူတိုင် မြစ်ရေမြင့်တက် တိုက်စားမှုကြောင့် အောက်ထုံး ကျေးရွာအနီးတွင် အလျား (၁၀၀') အနံ(၄၀') ကမ်းပါးပြိုကျမှုကြောင့် ရေကာတာ၏ မြစ်ဘက်တာထိပ်မျက်နှာပြင် (၅')ခန့်အထိ ယမန်နေ့နံနက်ပိုင်းက ပြိုကျခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28651
Page
28652
Page
28653
Page
28654
Current page
28655
Page
28656
Page
28657
Page
28658
Page
28659
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department