အမြို့မြို့အနယ်နယ်သတင်းများ

Oct 16,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်မည့် အထူးရဲများနှင့် သင်တန်းနည်းပြ အုပ်ချုပ်သူများအား Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ နှာခေါင်း၊ အာခေါင်တိုဖတ်များ ရယူစစ်ဆေးမှုကို အောက်တိုဘာ ၁၆ ရက်နေ့ နံနက်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ်များ ကို အောက်တိုဘာလ(၂၀)ရက်က စတင်ပြီး သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးမည် ဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဖြိုးကျော်အောင်ထံမှ သိရသည်။
Oct 16,2020
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများ အသိပညာ၊ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အွန်လိုင်းမှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို အပတ်စဉ်တိုင်း ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိပြီး ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၌ ကဗျာရွတ် အစီအစဉ်ကို ရိုက်ကူးတင်ဆက် ခဲ့သည်။
Oct 16,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများမှ ရွေးကောက်ပွဲဆိုင်ရာ အသိအမြင်များ ပိုမိုရရှိပြီး ဆန္ဒမဲပေးရာတွင် လွယ်ကူလျင်မြန်စေရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်း က ဖြန့်ဝေခဲ့သည်။
Oct 16,2020
မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန လမ်းညွှန်မှုဖြင့် နွေးထွေးသောရင်ခွင် လူမှုရေးအဖွဲ့နှင့် (Care Myanmar) အဖွဲ့တို့ ပူးပေါင်း ပြီး သံဖြူဇရပ်မြို့နယ်အတွင်းရှိ ပြည်သူများ အသုံးပြုနိုင်ရေးအတွက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် လက်ဆေးဆပ်ပြာ (HAND SOAP) ဘူးများလှူဒါန်းခြင်းကို ယနေ့ နံနက် (၁၀) ခွဲအချိန်က သံဖြူဇရပ်မြို့ နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမရှေ့၌ပြုလုပ်သည်။
Oct 16,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာနှင့် ထိတွေ့သူ (၅၅)ဦး၏ Swab နမူနာများအား ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးရန် ယနေ့နံနက် (၉)နာရီ က မိုးလုံလေလုံအားကစားခန်းမတွင် ကျန်းမာရေးဝန်ထမ်းများက Swab နမူနာများရယူခဲ့ကြောင်း သိရသည်။
Oct 16,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း မဲဆန္ဒနယ်ပြင်ပရောက်နေသော ကြိုတင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ မဲပေးနိုင်ရေးအတွက် မဲဆန္ဒနယ်မြေ(၆)ခု၏ မဲပုံးများအား လုံခြုံရေး ကြိုးများနဲ့ ချိတ်ပိတ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 16,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ပြည်သူများ Mask တပ်ဆင်သည့် အလေ့အကျင့်ဖြစ်စေရေး ပညာပေးလုပ်ငန်းများကို ယနေ့နံက် ၈ နာရီခွဲ က စတင်၍ မြို့နယ်အဆင့် အသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်းကော်မတီမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။