အမြို့မြို့အနယ်နယ်သတင်းများ

Oct 16,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန် က ပေါ့မိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 16,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ လူနာ ၈ ဦးသည် ကျန်းမာရေး ကောင်းမွန်သွားသည့်အတွက် ယနေ့နံနက်ပိုင်းက ဆေးရုံ ဆင်းခွင့်ပြုခဲ့ကြောင်း ညောင်ဦးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင်ထံက သိရသည်။
Oct 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ အသက်(၈၀)နှစ် တင်းတင်းပြည့်ပြီး အသက်(၈၅)နှစ် တင်းတင်းမပြည့်သေးသည့် သက်ကြီးရွယ်အိုများအား ယနေ့နံနက်ပိုင်း က ရပ်ကွက်/ကျေးရွာများသို့ အိမ်တိုင်ရာရောက် ကွင်းဆင်း၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 16,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေးဦးစီးဌာနသို့ အလှူရှင်များက ကိုဗစ်-၁၉ ရေဂါကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်း များကို ယနေ့ နေ့လယ် ၁ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 16,2020
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့၊ မြို့မဈေး အတွင်းရှိ စျေးရောင်း/ဝယ်သူများတွင် Mask များတပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 16,2020
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့အတွင်း နေထိုင်သည့် အများပြည်သူများ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရန်အတွက် ချင်းရွှေဟော်မြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စခန်းမှူး ရဲအုပ်သိန်းဗိုလ် ဦးစီး၍ နယ်ထိန်းခေါင်းဆောင် ရဲအုပ်လှိုင်ဝင်းနှင့် အဖွဲ့၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ယမန်နေ့ည (၈)နာရီအချိန် က စ၍ ညလှည့်ကင်းများ လှည့်လှည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပုသိမ်လူမှုညီအကိုများအဖွဲ့က ယမန်နေ့ နေ့လယ်က စပြီး အမှတ် ၆ ရပ်ကွက်နယ်မြေ၊ အမှတ် ၂ ရပ်ကွက်နယ်မြေ ထုံးဘိုရပ်ကွက်နေ ဝင်ငွေနည်း အိမ်ထောင်စုများကို အခြေခံစားသောက်ကုန်နင့် Mask များထောက်ပံလှူဒါန်းခဲ့ကြောင်းသိရသည်။ ပုသိမ်မြို့မှာ ကိုဗစ် -၁၉ ကာလ Stay at Home အကျုံးဝင်နေတဲ့အတွက် ဝင်ငွေနည်း ပြည်သူများ၏ စားဝတ်နေရေး တစ်ဘက်တစ်လမ်းမှ အဆင်ပြေစေရေးရည်ရွယ်၍ စေတနာရှင်များ၏ စုပေါင်း လှူဒါန်းမှုစုစုအား ပုသိမ်လူမှုညီအကိုများအဖွဲ့ဝင် အသင်းသားများ စုပေါင်း၍ လှူဒါန်းရခြင်း ဖြစ်ကြောင်းသိရသည်။
Oct 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် အဖွဲ့ဝင်များအား သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။