အမြို့မြို့အနယ်နယ်သတင်းများ

Oct 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ညနေပိုင်းအချိန် က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး မြို့ဝင်စစ်ဆေးရေးဂိတ်နှင့် Quarantine နေရာများ၌ ဆေးဖျန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 15,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအဖြစ် လမ်းပိုင်းပြင်ဆင် ဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက် (၁၀)နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Oct 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ် အတွင်း ကြိုးပမ်းဆောင်ရွက်ခဲ့သော နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကြောင့် မိုင်းပန်မြို့နေ ဒေသခံပြည်သူများအတွက် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးတွင် များစွာအထောက်အကူဖြစ်စေခဲ့ကြောင်း သိရသည်။
Oct 15,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့ မှု လျော့ကျစေရန်နှင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်း ကန့်သတ်စောင့်ကြည့်စခန်း(၁၈)နေရာ ဆောင်ရွက်ထားရှိရာ ယနေ့ နံနက်ပိုင်းတွင် အမှတ်(၂၀) ရပ်ကွက် အ.ထ.က(၈)ကျောင်း ကန့်သတ်စောင့်ကြည့်စခန်းမှ စောင့်ကြည့်လူနာများအား နှစ်ပတ် ကျော်လွန်၍ ကျန်းမာရေး ကောင်းမွန်သဖြင့် မိမိတို့နေအိမ်သို့ ပြန်လွှတ်ခဲ့သည်။
Oct 15,2020
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသွားနိုင်ရန် အတွက် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာ (အ.ထ.က-ထန်းတပင်)သို့ ရောဂါကြိုတင်ကာကွယ်ရေး သုံးဝတ်စုံများနှင့် ဆန်အိတ်များကို အလှူရှင်များက လာရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
Oct 15,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေး လုပ်ငန်းများအတွက် အသုံးပြုရန် စေတနာရှင်ပြည်သူ များမှ ကျန်းမာရေးသုံး ပစ္စည်းများ၊ အလှူငွေများ၊ စားသောက်ဘွယ်ရာများ လှူဒါန်းလျက်ရှိရာ ယမန်နေ့ ညနေ(၅)နာရီအချိန်က ကျန်းမာရေးသုံးပစ္စည်းများနှင့် အလှူငွေများကို အလှူရှင် များက လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 15,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စားရေးသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ ကိုဗစ်ကော်မတီမှ အခြေခံလူတန်းစားများအား ခေါက်ဆွဲ ခြောက်ထုပ်နှင့်မုန့်များ အိမ်တိုင်ရာရောက် လိုက်လံဝေငှခြင်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်က ဝေငှခဲ့ ကြောင်း သိရသည်။