Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြစ်သားမြို့နယ်တွင် အသက်(၈၀)နှစ်နှင့် (၈၅) နှစ်ကြား သက်ကြီးဘိုးဘွား (၁၄၅၀) ဦးအား ထောက်ပံ့ငွေများပေးအပ်
Oct 14,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် အသက်(၈၀)နှစ်နှင့် (၈၅)နှစ်ကြား သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှ တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်း ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Y-Friend ကုမ္ပဏီမှ PPE ဝတ်စုံ အစုံ (၂၀၀) လှူဒါန်း
Oct 14,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့ နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အ ရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ယမန်နေ့နံနက်ပိုင်းက လှိုင်မြို့နယ်အတွင်းရှိ Hlaing Quarantine Center (1),(2),(3),(4),(5) နှင့် Hlaing Fever Clinic တို့တွင် အသုံးပြုရန်အတွက် တစ်စုံလျှင် (၈၀၀၀)တန်ဖိုးရှိ PPE ဝတ်စုံ အစုံ(၂၀၀)အား အလှုရှင် Y-Friend ကုမ္ပဏီကိုယ်စား လှိုင်မြို့နယ် ကိုဗစ်-၁၉ကော်မတီထံသို့ ပေးအပ် လှုဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်သူများအား နှာခေါင်းစည်း (Mask)များအခမဲ့ဖြန့်ဝေ
Oct 14,2020
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask)များအား ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများနှင့် ရပ်/ကျေးစာရေးများ၊ မြို့မစျေးအတွင်းရှိ ပြည်သူများအား နှာခေါင်းစည်း များ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Cash for Work စီမံကိန်းနှင့် ကျေးရွာ မတည်ရန်ပုံငွေ VRFP စီမံကိန်း ဖြင့်ဆောင်ရွက်သော လုပ်ငန်းများ ကွင်းဆင်း စစ်ဆေး
Oct 14,2020
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ VRFP စီမံကိန်း ဖြင့်ဆောင်ရွက်သော လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ယမန်နေ့က ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃ ဦး ဆေးရုံဆင်းခွင့်ရ
Oct 14,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ လူနာ ၁၃ ယောက်သည် ကျန်းမာရေးကောင်းမွန်သွားသည့်အတွက် ယနေ့နံနက်ပိုင်းက ဆေးရုံ ဆင်းခွင့်ပြုခဲ့ကြောင်း ညောင်ဦးခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီမြစ်ရေကျဆင်းချိန်တွင် မြန်အောင်တာမိုင် ၆/၇ နှင့် ၇/၀ အတွင်း လွန်ဆေးမြိုင်ပန်းခြံအနီး ကမ်းပြိုမှုများ ဖြစ်ပေါ်
Oct 14,2020
ဧရာဝတီမြစ်ရေ ကျဆင်းချိန်တွင် မြန်အောင်တာမိုင် ၆/၇ နှင့် ၇/၀ အတွင်းရှိ လွန်ဆေးမြိုင်ပန်းခြံအနီး ယနေ့ ကမ်းပြိုမှုများဆက်လက် ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် မအူပင်တက္ကသိုလ် မိသားစုမှ အလှူငွေများ လှူဒါန်း
Oct 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြု နိုင်ရန်အတွက် မအူပင်တက္ကသိုလ်မိသားစုမှ ကရုဏာလူမှုရေးအသင်း (မအူပင်)သို့ အလှူငွေပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မအူပင်ခရိုင် အထွေထွေ ရောဂါကုဆေးရုံကြီးတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ခရိုင်ရုံး ကလေးစာဖတ်ခန်းတွင် Onile မှတစ်ဆင့် စက္ကူပန်းခြင်းခေါက်ခြင်း အစီအစဉ် ဆောင်ရွက်
Oct 14,2020
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ကာလအတွင်း စာကြည့်တိုက်ကို ခေတ္တယာယီ ပိတ်ထားသော်လည်း Onileမှတစ်ဆင့် အသိညာပေးခြင်းများကို အပတ်စဉ် ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က ပုသိမ်ခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် စက္ကူခေါက် အစီအစဉ်ကို ရိုက်ကူးတင်ဆက် ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28714
Page
28715
Page
28716
Page
28717
Current page
28718
Page
28719
Page
28720
Page
28721
Page
28722
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department