အမြို့မြို့အနယ်နယ်သတင်းများ

Oct 09,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊လမ်းမတော်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါပျံနှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်ရန်အတွက်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ်များ (ကိုကိုးကျွန်း မြို့နယ် မပါ) တွင် Stay at Home အဖြစ် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို ပြည်သူများ ထိရောက်စွာ လိုက်နာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ပိုင်းက အနော်ရထာ လမ်းနှင့် ဗိုလ် ချုပ်လမ်း တို့တွင်  ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 09,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း ဦးဆောင်သည့် ဌာနဆိုင်ရာပေါင်းစုံ ပူးပေါင်းဖွဲ့စည်းထားသော ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ယမန်နေ့ နံနက်ပိုင်းက ကျေးရွာများတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စစ်ဆေးဂိတ်များ သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
Oct 09,2020
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ကျောက်ကြီးကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီက လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇)ပေးအပ်ပွဲ ပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းနုနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးရဲလွင် တို့ကတောင်သူများအား ပေးအပ်ခဲ့ကြသည်။
Oct 09,2020
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်း ဝင်‌ရောက်နေသူများကို ယမန်နေ့ နံနက် ၈ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း (၁၄)ရက်ပြည့် မြောက်အောင် ကျန်းမာရေး‌ ကောင်းစွာ‌ နေထိုင်ခဲ့သည့်အတွက် တာဝန်ရှိသူများမှ ကျန်းမာ‌ရေး‌ ကောင်းမွန်ကြောင်း ထောက်ခံချက်များကို ပေးအပ်ခဲ့သည်ဟု သိရသည်။
Oct 09,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်စာရင်း ပါဝင်ခြင်း ရှိ/မရှိ၊ ဆန္ဒမဲပေးခွင့်များ မဆုံးရှုံးစေရေး ရည်ရွယ်၍ ငရုတ်ကောင်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော ပိုစတာများ ကြေညာကပ်ပေးခြင်းနှင့် လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြည်သူများထံ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Oct 09,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့ နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အ ရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ယ​မန်နေ့ နံနက်ပိုင်းကလှိုင်မြို့နယ်လျှပ်စစ်မန်​​နေဂျာရုံးမှဝန်ထမ်းများက​ငွေကျပ်(၂၀၀၀၀၀)၊ မြို့နယ်ဥပ​ဒေဆိုင်ရာအ​ထောက်အကူ​ပေး​ရေးအ ဖွဲ့မှ​ငွေကျပ်(၃၀၀၀၀၀)မြို့နယ်မီး သတ်တပ်ဖွဲ့မိသားစုများကငွေကျပ် (၅၀၀၀၀)တို့အား လာ​ရောက်​​လှူဒါန်း ခဲ့ကြပါသည်။
Oct 09,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင်းနေထိုင်ကြသော ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်
Oct 09,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်) မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်မှစတင်၍ လှိုင်းဘွဲမြို့နယ် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာပေးလျက် ရှိရာ မဲဆန္ဒရှင်ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။