အမြို့မြို့အနယ်နယ်သတင်းများ

Oct 09,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး အတွက် တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ အလက(၂)ကျောင်းတွင် ဖွင့်လှစ်လျက်ရှိရာ အဆိုပါသင်တန်းသားများအား ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို Test kit ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 09,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပမည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာ ဝန်ထမ်း​ဆောင်မည့် အထူးရဲများအား အောက်တိုဘာလ(၁)ရက်နေ့မှ စတင်၍ မဲရုံလုံခြုံရေးဆိုင်ရာ ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ပို့ချလျက်ရှိ ကြောင်း သိရှိရသည်။
Oct 09,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး အတွက် တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ အလက(၂)ကျောင်းတွင် ဖွင့်လှစ်လျက်ရှိရာ အဆိုပါသင်တန်းသားများအား ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို Test kit ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 09,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးတိုးဂိတ်၌ ရှမ်းပြည်နယ် အတွင်း ဝင်ရောက်လာသော ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ရောဂါ ရှိ/ မရှိ Test Kits များဖြင့် စစ်ဆေးခြင်းကို နောင်ချိုမြို့နယ် ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကိုကိုနှင့်ဝန်ထမ်းများ၊ ဓာတ်ခွဲပညာရှင်များက ကျန်းမာရေးစစ်ဆေးခြင်းကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 09,2020
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အောက်တော-မြို့သာ မြေသားလမ်းခင်းခြင်းလုပ်ငန်းနှင့် သစ်သားတံတား ပြုပြင်ခြင်း လုပ်ငန်းများကို ယနေ့နံနက်(၉)နာရီက မြို့နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီမှ ကွင်းဆင်း စစ်ဆေးကြကြောင်း သိရသည်။
Oct 09,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇) အလုံနှင့်အ-ထ-က(၄)အလုံ  အသွားအလာကန့်သတ်စောင့်ကြည့်နေရာများရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက် ယနေ့ နံနက်ပိုင်းက နံနက်စာ အတွက် ခေါက်ဆွဲသုပ်၊ကော်ရည်ခေါက်ဆွဲ၊ထမင်းကြော်နှင့် နေ့လယ်စာ အတွက် ထမင်းဘူးများ လာရောက်လှူဒါန်းခဲ့ကြောင်းသိရ သည်။
Oct 09,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲခွဲ