Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တနင်္သာရီမြို့နယ် ပြည်သူ့စာကြည့်တိုက်မြေစိုက်ဘုတ်တွင် ကိုဗစ် − ၁၉ ရောဂါဆိုင်ရာ အသိပညာပေးပိုစတာများပြသ
Oct 09,2020
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် မြေစိုက်ဘုတ်တွင် ကိုဗစ် − ၁၉ ရောဂါဆိုင်ရာ အသိပညာပေး ရောင်စုံပိုစတာများအား ယမန်နေ့ကပြသထားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် သစ်ပင်များပြိုလဲမှုဖြစ်ပွား
Oct 09,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် အောက်တိုဘာလ ၈ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်က လေပြင်းမျာတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် သစ်ပင်များပြိုလဲမှုများ ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ပြည်သူ့စာကြည့်တိုက်၌ Online အစီအစဉ်ဖြင့် စာအုပ်မိတ်ဆက်
Oct 09,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကြိုတင်ကာကွယ်နိုင်ရန် အတွက် စာအုပ်စာစောင်များ ငှားရမ်းခြင်းကို ခေတ္တပိတ်ထားပြီး
အပြည့်အစုံ ဖတ်ရန်
ဖားကန့်မြို့နယ်မှ အခြေခံပြည်သူလူထုအတွက် ဆန်ရိက္ခာများ အိမ်တိုင်ရာရောက်စတင်ထောက်ပံ့၊ ဒေသပြည်သူများ အကျိုးအတွက်အသုံးပြုရန် ကျောက်မျက်လုပ်ငန်းရှင်များ က ဘဏ်အကောင့…
Oct 09,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ကိုဗစ်ကာလ အမှန်တကယ်ခက်ခဲမှုရှိသည့် အခြေခံပြည်သူများအား ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း)နှင့် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း(ဖားကန့်)တို့မှဦးဆောင်ပြီး ဖားကန့်မှကျောက်မျက်ကုမ္ပဏီများစုပေါင်း ထောက်ပံ့လှူဒါန်း သည့် ဆန် ၂၄ ပြည်ပါ ဆန်အိတ်(၅၀၀၀)အား တစ်အိမ်ထောင် ဆန်(၆)ပြည်နှုန်းဖြင့် အိမ်ထောင်စုပေါင်း နှစ်သောင်းကို ယနေ့တွင် အိမ်တိုင်ရာရောက် စတင်ထောက်ပံ့ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ်တွင် မဲရုံတည်နေရာ ဆောင်ရွက်ထားရှိမှုနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 09,2020
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအမည် စာရင်းများအား အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲများ၌ ဒုတိယအကြိမ် ကပ်ထားကြေညာ လျက်ရှိရာ မဲဆန္ဒရှင်အမည်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် တာဝန်ရှိသူများမှ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၃၇)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်
Oct 09,2020
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်၌ နေအိမ်ပြင်ပထွက်ခွာသွားလာရာတွင်နှာခေါင်းစည်းမတပ်ဆင်သူများအား အခုဝယ်၊ အခုတပ်ဆင် အစီအစဉ်ဖြင့် Mask တပ်ဆင်ရေး အသိပညာပေးဆောင်ရွက်
Oct 09,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ကူးစက်ရောဂါအား ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတိုင်း နှာခေါင်းစည်းတပ်ဆင်သွားလာနိုင်စေရေးနှင့် နှာခေါင်းစည်းတပ်ဆင်ထား ခြင်းမရှိသူများအား အခုဝယ်ယူ၊ အခုတပ်ဆင် အစီအစဉ်ဖြင့် ဒဏ်ငွေပေးဆောင်စေကာ နှာခေါင်းစည်း တပ်ဆင်သွားလာစေရေးတို့ကို အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ကုက္ကိုဝတံတားအဆင်းနှင့် ထန်းတပင်တိုးဂိတ်တို့တွင်မြို့နယ် ကိုဗစ်-၁၉စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲ၌ ရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများကို ပြည်သူများသိစေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 09,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင် ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေး မဲဆန္ဒရှင်စာရင်းများ မကျန်ရှိစေရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသည့် “သင့်အမည်မဲဆန္ဒရှင်စာရင်းမှာပါ/မပါ စစ်ဆေးပြီလား” လက်ကမ်းစာစောင်ကို ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောက်မဲမြို့ မင်္ဂလာဈေး၊ ဘူတာဈေးနှင့် အခွန်လွတ်ဈေးတို့ရှိ ဈေးသည်များနှင့် ဈေးဝယ်သူများအား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28882
Page
28883
Page
28884
Page
28885
Current page
28886
Page
28887
Page
28888
Page
28889
Page
28890
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department