အမြို့မြို့အနယ်နယ်သတင်းများ

Oct 09,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ပိုင်းက မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Oct 09,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် အထူးရဲသင်တန်းတက်ရောက်နေသော သင်တန်းသားများနှင့် သင်တန်းနည်းပြများအား ကိုဗဟ် ၁၉ ရောဂါပိုး ရှိမရှိ ဓာတ်ခွဲစစ်ဆေးနိုင်ရန်အတွက် ယနေ့ နံနက် ၉ နာရီ အချိန်က အာခေါင်နှင့် နှားခေါင်းတို့ပတ် Swab နမူနာ (၃၀) ခုကို ရယူခဲ့ကြောင်း သိရသည်။
Oct 09,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ(၃)မိုင်အထကကျောင်းရှိ Community Based Facility Quarantine Center စောင့်ကြည်လူနာများထံမှ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ဓာတ်ခွဲနမူနာကို ယမန်နေ့ညနေ (၄) နာရီက ရယူခဲ့သည်။
Oct 09,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးရုံးများမှ စာရေးဝန်ထမ်းများအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Oct 09,2020
ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်များ အမည်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၄ ရက်နေ့အထိ ကပ်ထားကြေညာထားရာ ယနေ့ နံနက်ပိုင်းအထိ လာရောက်ကြည့်ရှုသူဦးရေ ၃၀၂၃၃ ဦး အထိရှိပြီဖြစ်ကြောင်း သိရသည်။
Oct 09,2020
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ပညာရေးမှူးရုံးမှ ဝန်ထမ်းများနှင့် မြို့နယ် ပညာရေးမိသားစုတို့ စုပေါင်း၍ နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများလှူဒါန်းခြင်းကို ယမန်နေ့ညနေ (၄ ) နာရီခန့်က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 09,2020
၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ တောင်ငူမြို့နယ်အတွင်း မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲ (၁၉၃) ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/ မရှိ Test Kit ဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှယမန်နေ့နံနက်ပိုင်းက မြို့မရဲစခန်း အထူးရဲသင်တန်းကျောင်း၌ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်း မရှိ(မရှိ) ကြောင်း သိရသည်။
Oct 09,2020
ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားနေစဉ်ကာလအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့၌ ကုန်ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်း မဖြစ်စေရေးအတွက် မြို့မဈေးကြီးအတွင်းရှိ ကုန်စုံ ဆိုင်များအား ယမန်နေ့ ညနေ(၃)နာရီက လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။