အမြို့မြို့အနယ်နယ်သတင်းများ

Oct 01,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ၁၆/၂ ရပ်ကွက် စွန်းလွန်းဂူ ဝိပဿနာ ကျောင်းတိုက်ရှိ သံဃာတော်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ သိရှိနိုင်ရန်အတွက် ဓါတ်ခွဲနမူနာများကို ယနေ့နံနက်ပိုင်း အချိန်က မှော်ဘီ တပ်မတော်ဆေးသင်တန်းကျောင်းမှ လာရောက်ရယူခဲ့ကြောင်း သိရသည်။
Oct 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူခရိုင်၊ကျွန်းလှမြိုနယ်၊လွှတ်တိုက်ကျေးရွာနှင့်မဒေါင်ကျေးရွာတို့တွင်(CERP)စီး ပွားရေးကုစားမှုအစီအစဉ်အရစိုက်ပျိုးသောမိုးစပါးမျိုးစေ့ထုတ်ကွက်များအားအောက်တိုဘာ(၁)ရက်နေ့ကပေါင်း လိုက်၊သမန်းနိုးကိရိယာဖြင့်ပေါင်းမြက်ကာကွယ်နှိမ်နင်းရေးလက်တွေ့ကွင်းသရုပ်ပြခြင်းပြုလုပ်ကြောင်းသိရသည်။
Oct 01,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံအသီးသီး၌ မဲရုံလုံခြုံရေးအတွက့် အထူးရဲများတာဝန်ပေးနိုင်ရန် အထူးရဲသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက အမှတ်(၂)ရပ်ကွက်ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၌ ကျင်းပဖွင့်လှစ်ခဲ့သည်။
Oct 01,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်များစာရင်းကို ယနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကပ်ထားကြေညာထားကြောင်း သိရသည်။
Oct 01,2020
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့ မြို့ပေါ်( ၃ )ရပ်ကွက် နှင့် ကျေးရွာအုပ်စု( ၄၅) အုပ်မှ အုပ်ချုပ်ရေးမှူးများထံသို့ ယမန်နေ့က ကနီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ တွင် အသက် ၈၀ နှင့် ၈၅ အကြား အဘိုးအဘွားများနှင့် ၈၅ နှစ်အထက် အဘိုးအဘွားများ အား နိုင်ငံတော်မှထောက်ပံ့သောငွေများကို မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသိုက်စိုးထွန်းက ရပ်ကွက် နှင့် ​ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
Oct 01,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို  ဒုတိယ အကြိမ် အဖြစ် အောက်တိုဘာ (၁) ရက်မှ အောက်တိုဘာ (၁၄) ရက်နေ့အထိ မိမိတို့သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအသီးသီးတွင် ကပ်ထားကြေညာထားသည်ဖြစ်ရာ မြို့ပေါ် (၇)ရပ်ကွက်နှင့်ကျေးရွာပြည်သူများက မဲစာရင်းများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
Oct 01,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြု လုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်များ လုံခြုံစွာ ဆန္ဒမဲ ပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး မဲရုံအသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲများ အား သင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၈)နာရီခွဲမှစ၍ မိုင်းတုံမြို့နယ်၊ မြို့မရဲစခန်းဝန်းရှိ နားနေဆောင် တွင် ကျင်းပ ပြုလုပ်ခဲ့သည်။