အမြို့မြို့အနယ်နယ်သတင်းများ

Oct 01,2020
ကရင်ပြည်နယ်၊ ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ် ၁၉ အတည်ပြုလူနာများကို သီးသန့်လူနာဆောင် (Isolation Unit) တွင် ထားရှိ၍ အထူးကြပ်မတ်ကုသပေးလျက်ရှိရာ အောက်တိုဘာလ ၁ ရက်နေ့တွင် အတည်ပြု ပိုးတွေ့ လူနာ ၃ ဦးမှာ ပြန်လည်ကျန်းမာလာ၍ ဆေးရုံမှ ဆင်းသွားကြပြီ ဖြစ်သည်။
Oct 01,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးအတွက်
Oct 01,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ အသက် ၈၀ နှစ်နှင့် (၈၅)နှစ်ကြား ဘိုးဘွားများ အား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
Oct 01,2020
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မဲဆန္ဒရှင် စာရင်းများအား ဒုတိယအကြိမ် အဖြစ် ၁၄ ကြာထပ်မံကြေငြာခြင်းကို ကျိုက်မရောမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကပ်ထားကြေငြာ ထားကြောင်း သိရ သည်။
Oct 01,2020
ဒေသခံတိုင်းရင်းသားပြည်သူများ ရာသီမရွေးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာခြောက်ရွာအကျိုးပြုသည့် ကျေးရွာချင်းဆက် မြေသားလမ်းမှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ယနေ့ နံနက် ၉ နာရီခွဲခန့်က လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။
Oct 01,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို မြို့နယ်အထူးတိုက်ခိုက်ရေးရဲတပ်ဖွဲ့ရုံး၌ ယနေ့နံနက် (၉)နာရီအချိန်ခန့်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။