အမြို့မြို့အနယ်နယ်သတင်းများ

Oct 01,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှစ် တင်းတင်းပြည့်ပြီး အသက်(၈၅)နှစ် တင်းတင်းမပြည့်သေးသည့် သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေများကို ယနေ့နံနက် ၇ နာရီခွဲတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့၌ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 01,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးအပြည့်အဝဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်း အဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီ မိနစ် ၃၀ ခန့်က အထူးရဲသင်တန်း အမှတ် စဉ်(၁/ ၂၀၂၀) ဖွင့်ပွဲကျင်းပကြောင်း သိရသည်။
Oct 01,2020
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေနှင့် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလုံခြုံစွာမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး အထူးရဲ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက နေရာသုံးနေရာခွဲ၍ ပြုလုပ်ခဲ့သည်။
Oct 01,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် မဲရုံလုံခြုံရေးအတွက် အထူးရဲ(Special Police)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၈)နာရီက မြို့မရဲစခန်းတွင်ကျင်းပသည်။
Oct 01,2020
စစ်ကိုင်းတိုင်ဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ဆားလင်းကြီးမြို့တွင် အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအားစုရပ်အလိုက် ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက် ကျွေးခြင်းကို ယနေ့နံနက်(၇)နာရီခွဲအချိန်က စတင်၍ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန တွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
Oct 01,2020
ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် ကိုကိုးကျွန်းမြိုနယ်တွင် ယမန်နေ့ နေ့လယ် ၂နာရီ အချိန်တွင် ကိုကိုးကျွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ မြို့နယ်အကော်မရှင်အဖွဲ့ခွဲနှင့်ရပ်ကွက်ကျေး ရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် ဒုတိယအကြိမ် အခြေခံမဲဆန္ဒရှင်စာရင်းကပ်ထားကြေငြာ နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။                 
Oct 01,2020
နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မဲရုံအသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
Oct 01,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ၊ ပင်လုံမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို အောက်တို ဘာ ၁ ရက် နံနက်ပိုင်းမှစ၍ ပင်လုံမြို့ရှိ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)၊ ရပ်ကွက်(၄) နှင့် ကျေးရွာ အုပ်စု(၆) အုပ်စုရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် ဆောင်ရွက် လျက်ရှိ ကြောင်းသိရ သည်။