Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကြေညာမှုအား ပြည်သူများ လာရောက် ကြည့်ရှု
Oct 01,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် နောက်ဆုံးအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်ကော်မရှင်ရုံးများတွင် အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်း မှစတင်၍ ကပ်ထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဘိုးဘွား (၂၃၉၄)ဦးအား ထောက်ပံ့ငွေများ ပေးအပ်
Oct 01,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားကုစားမှု အစီအစဉ်အရ မြို့နယ်အတွင်းရှိ ဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀နာရီက စတင်၍ ရွှေပေါက်ကံရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ ဘိုးဘွားများ၏ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရဿည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်တွင် အဝင်အထွက်ကန့်သတ်ထားသည့် ဖို့တကျေးရွာအတွင်းရှိ အိမ်ထောင်စု(၇၈)စု အတွက် စားသောက်ကုန်များလှူဒါန်း
Oct 01,2020
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ဖို့တကျေးရွာမှ အဝင်အထွက်ကန့်သတ်ထားသည့် အိမ်ထောင်စု (၇၈) စုအတွက် အလှူရှင်များက အခြေခံ စားသောက်ကုန်နှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများအား ယမန်နေ့က လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ကျိုက်မရောမြို့၌ အထူးရဲ သင်တန်းဖွင့်လှစ်
Oct 01,2020
မော်လမြိုင်ခရိုင်၊ကျိုက်မရော မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ၊နိုဝင်ဘာ ၈ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲပြုလုပ်စဉ် မဲရုံများအလိုက် လုံခြုံရေးတာဝန် ထမ်းဆောင်ကြမည့်အထူးရဲ များအားရွေးကောက်ပွဲဆိုင်ရာ ဘာသာရပ်များကိုသင်ကြား ပို့ချ သွားမည့် "အထူးရဲသင်တန်းဖွင့်ပွဲအခမ်းအနား"ကိုယနေ့နံနက် ၈နာရီခန့်က အ.ထ.က ကျိုက်မရော (ပညာအား မာန်)ခန်းမ၌ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သနပ်ပင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲများကို သင်တန်းပို့ချ
Oct 01,2020
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်တွင်၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင် များအား သင်တန်း ပို့ချခြင်းကို အောက်တိုဘာ ၁ ရက် နံနက် ၈နာရီက အ.ထ.က တောင်ဘက် ကမ်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံး၌ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန် ကြေညာ
Oct 01,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးမည့်သူစာရင်းကို ယခုလ အောက်တိုဘာ (၁) ရက်နေ့မှ စတင်ကာ (၁၄) ရက်နေ့အထိ ဝေါမြို့နယ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာအထူးရဲသင်တန်းဖွင့်လှစ်
Oct 01,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ရွေးကောက်ပွဲဆိုင်ရာ အထူးရဲ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇နာရီမှစတင်၍ အ.ထ.ကအုတ်ဖို၊ အ.ထ.က(ခွဲ) လသာကုန်း၊ အုတ်ဖိုမြို့မရဲစခန်း၊ အ.ထ.က အေးမြသာယာ၊ အေးမြသာယာ နယ်မြေရဲစခန်းနှင့် အိုးသည်ကုန်းနယ်မြေရဲစခန်းတို့တွင် လူစုလူဝေး မဖြစ်ပေါ်စေရန် (၆)နေရာ ခွဲကာ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ရေးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ဒုတိယအကြိမ် ထုတ်ပြန်ကြေညာ
Oct 01,2020
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် (နောက်ဆုံး အကြိမ်) အဖြစ် ယနေ့နံနက်ပိုင်းက စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက် ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29245
Page
29246
Page
29247
Page
29248
Current page
29249
Page
29250
Page
29251
Page
29252
Page
29253
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department