Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပန်ဆိုင်း(ကြူကုတ်)မြို့၊ တော်ဆိုင်ကျေးရွာ၌ မိုးစပါးစံကွက်များ စတင်ရိတ်သိမ်း
Sep 28,2020
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ တော်ဆိုင်ကျေးရွာ၌ ကျေးရွာကိုယ်စားပြု မိုးစပါးစံကွက်များ စတင်ရိတ်သိမ်းခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်ခန့်က တောင်သူဦးအိုက်မန်၏ လယ်ယာတွင် ခရိုင်လယ်စီ/စာရင်းအင်းဦးစီးဌာန၊ မြို့စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်း၍ မိုးစပါးစံကွက်များရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Sep 28,2020
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်သည် ရန်ကုန်တောင်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်တွင် သန်လျင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စားသောက်ဆိုင်တွင် ပါဆယ်စနစ်ဖြင့် ရောင်းချရန် အသိပေးခြင်းများ ဆောင်ရွက်
Sep 28,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ၏ ညွှန်ကြားချက်အရ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြည်သူလူထုများ၊ စားသောက်ဆိုင်များနှင့် ဈေးဆိုင်များအနေဖြင့် ပါဆယ်စနစ်ဖြင့် ရောင်းချရန်နှင့် စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ရေးတို့အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်၊ မြို့စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဦးနေမျိုးအောင်နှင့် ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စက်တင်ဘာ ၂၆ နေ့လယ် (၁) နာရီ အချိန်ခန့်က လှည့်လည်အသိပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ် အ.ထ.က(၁)ကျောင်း၌ ဖွင့်လှစ်ထားရှိသည့် Quarantine Center သို့ PPE ဝတ်စုံများနှင့် Mask များလာရောက်လှူဒါန်း
Sep 28,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်ရှိ အ.ထ.က(၁)ကျောင်း၌ ဖွင့်လှစ် ထားရှိသော Quarantine Center သို့ ယမန်နေ့ နံနက် (၁၁) နာရီက PPE ဝတ်စုံများ နှင့်Mask များ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် လိပ်သိုမြို့ရှိ ဘာသာရေးကျောင်းများအား ထောက်ပံ့ငွေများပေးအပ်လှူဒါန်း
Sep 28,2020
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ စိန်ဒေါမိနစ်ကျောင်းတိုက်၊ စိန်ဖရန့် စစ်ဆေးလ်ဗီယာ သီလရှင်ကျောင်းနှင့် သံမိုးတောင်ကျေးရွာ ကတ်သလစ်ဘုန်းကြီးကျောင်းတိုက်တို့အား ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကသာခရိုင် ထီးချိုင့်မြို့နယ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း Cash For Work စီမံကိန်း လုပ်ငန်းများရာနှုန်းပြည့်ပြီးစီး
Sep 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း Cash For Work စီမံကိန်းကျေးရွာ ( ၆ ) ရွာတွင်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခဲ့ကြောင်းသိရပါသည်။
အပြည့်အစုံ ဖတ်ရန်
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပေါက်ခေါင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 28,2020
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စက်တင်ဘာလ (၂၇) ရက် နံနက်(၈)နာရီကပေါက်ခေါင်းမြို့ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ပေါက်ခေါင်းမြို့နယ် ရဲတပ်ဖွဲ့ ဝင်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်၊၊
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပုံးများရောက်ရှိ
Sep 28,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအတွက် ဆန္ဒမဲပုံး (၉၈၇) ပုံးရောက် ရှိပြီဖြစ်ကာ အဆိုပါ ဆန္ဒမဲပုံးများကို ရပ်ကွက်/ကျေးရွာများရှိ မဲရုံများသို့ ခွဲဝေ ဆောင်ရွက် နိုင်ရေး စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29383
Page
29384
Page
29385
Page
29386
Current page
29387
Page
29388
Page
29389
Page
29390
Page
29391
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department