Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် အသက် (၈၀)နှစ်နှင့် (၈၅)နှစ်အတွင်း အဘိုးအဘွားများအား ကိုဗစ်- ၁၉ ကာလ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်
Sep 28,2020
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်အရ ၂၀၂၀ပြည့်နှစ် စက်တင်ဘလာ (၃၀)ရက်နေ့တွင် အသက်(၈၀)နှစ်ပြည့်နှင့် (၈၅)နှစ်အတွင်း အဘိုးအဘွားများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယမန်နေ့နံနက် (၉)နာရီက ရပ်ကွက်အုပ်ချုပ် ရေးမှူးများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့နယ် ကျေးရွာနှစ်ရွာတွင် ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ရန် ငွေကျပ်သိန်း(၃၄၀)လှူဒါန်း ထောက်ပံ့
Sep 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းရှိ မှန်ပင်ကျေးရွာနှင့် ပင်လုံကျေးရွာတွင် (၆၀'၊ ၃၀'၊ ၁၂') RC(၂) ထပ်ဘုန်းတော်ကြီး ကျောင်းဆောက်လုပ်ရန်အတွက် တစ်ကျောင်းလျှင် သိန်း(၁၇၀)နှုန်းဖြင့် ကျောင်း(၂)ကျောင်းအတွက် သိန်း(၃၄၀)ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ရဲမင်းဇော် နှင့် ခရိုင်သာသနာရေးဦးစီးမှူး ဦးအောင်စံသူတို့က စက်တင်ဘာလ (၂၅)ရက်နေ့တွင် မှန်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးသီရိ ထံသို့ လည်းကောင်း၊ စက်တင်ဘာလ(၂၆)ရက်နေ့တွင် ပင်လုံကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာ ထံသို့ လည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ် အတွင်းရှိ (Cash For Work) စီမံကိန်းဖြင့် ဆောင်ရွက်သော လုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Sep 28,2020
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ဆောင်ရွက်သည့် Cash For Work စီမံကိန်း (၁၂) ရွာနှင့် (VRFP) ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (၂) ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်၌ မြို့ဝင်၊ မြို့ထွက်အသွားအလာများစစ်ဆေးဆောင်ရွက်နေ
Sep 28,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် မြို့တွင်း မှပြင်ပသို့ ထွက်ခွာသွားလာသူများအား အသွားအလာများ စိစစ်ကာ စစ်ဆေးဆောင်ရွက်ခြင်းများကို စက်တင်ဘာလ (၂၇)ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများက ထန်းတပင်မြို့ဝင်တိုးဂိတ်တွင် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် မိုဝိုင်းလွတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားစေရန် စစ်ဆေး ရေးဂိတ်၌ စစ်ဆေးဆောင်ရွက်
Sep 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ မိုဝိုင်းလွတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွား စေရေးအတွက် ယမန်နေ့ နံနက် ၈ နာရီမှ ည ၆ နာရီအထိ လူအဝင်အထွက်များအား စစ်ဆေးရေးဂိတ်၌ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူ(၄၆) ဦးအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့်ဆက်လက်ပို့ဆောင်
Sep 28,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက် လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး သို့ စနစ်တကျလွှဲပြောင်း ပို့ဆောင် ပေးလျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်ကာလ အသွားအလာ စိစစ်ခြင်းဖြစ် ရန်ကုန်-သန်လျင် တံတားပိတ်ထားခြင်း မရှိ
Sep 28,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Stay at Home ညွှန်ကြားချက်များနှင့် အညီ လမ်းမအသီးသီး၌ သွားလာလျက်ရှိသော မော်တော်ယာဉ်များအား စိစစ်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးမဏ္ဍိုင်မြို့တွင် (CERP)အစီအစဉ်ဖြင့်စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ သမန်းနှိုး၊ မျိုးကွဲပယ်၊ မြေသြဇာ ကျဲပက်ခြင်းများဆောင်ရွက်
Sep 28,2020
ကိုဗစ်၁၉ရောဂါ ကာလအတွင်း(CERP)စီးပွါးရေး ကုစားမှုအစီအစဉ်ဖြင့် တစ်နိုင်ငံလုံးတွင် မိုးစပါးမျိုးစေ့ ထုတ် စိုက်ခင်းများ စိုက်ပျိုးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ကွင်းအမှတ်(၅၇၈)တွင် စိုက်ပျိုးထားရှိသော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများတွင် သမန်းနှိုး၊ မျိုးကွဲပယ်၊ မြေသြဇာ ကျဲပက်ခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန၊မြို့ဦးစီးမှူး ဦးသန်းဇော်မိုး ကြီးကြပ်မှုဖြင့် ယနေ့ နံနက်(၉)နာရီကစတင်ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29384
Page
29385
Page
29386
Page
29387
Current page
29388
Page
29389
Page
29390
Page
29391
Page
29392
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department