Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒေါပုံမြို့နယ်၊ အ.ထ.က(၁)ကျောင်း Quarantine Centre ရှိ Quarantine ဝင်ရောက်သူများနှင့် Volunteers များအတွက် နေ့လယ်စာထမင်းဘူး၊ရေသန့် အချိုရည်များ(၁၀၀)ဘူးအား လှူဒါ…
Sep 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်၊ အ.ထ.က(၁) ကျောင်း Quarantine Centre ရှိ Quarantine ဝင်ရောက်သူများနှင့် Volunteers များအတွက် နေ့လယ်စာ ထမင်းဘူး၊ ရေသန့် အချိုရည်များ (၁၀၀)ဘူးအား ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံးကိုးမြို့၌ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များ(Take-Away)ပါဆယ်စနစ်ဖြင့် ရောင်းချ နိုင်ရေးကွင်းဆင်းဆောင်ရွက်
Sep 28,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် မုံးကိုးမြို့တွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဘက် ရည်ဆိုင် များအား (Take-away)ပါဆယ်စနစ်ဖြင့် စနစ်တစ်ကျရောင်းချရေးအတွက် ယနေ့၊ နံနက်(၆) နာရီခန့်က မုံးကိုးမြို့၊ တာဝန်ရှိသူများက လိုက်လံကွင်းဆင်းဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုခရိုင် ခင်ဦးမြို့၌ မြို့မဈေးနှင့် ယာယီပျံကျဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်
Sep 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် မြို့မဈေးနှင့် ယာယီပျံကျဈေး အတွင်း ဝင်ထွက်သွားလာကြသည့် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအား လိုက်နာ ဆောင်ရွက်စေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်မာမာအောင်နှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက လှည့်လည်ကြေညာ အသိပညာပေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော ပရဟိတအသင်းများအား PPE ဝတ်စုံများ ထောက်ပံ့ပေးအပ်
Sep 28,2020
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မဟာအောင်မြေမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် လူနာများကုသနိုင်ရေး ဆေးရုံသို့ပို့ဆောင်ရေး လုပ်ငန်း များတွင် တာဝန်ယူဆောင်ရွက်နေသော မဟာအောင်မြေမြို့နယ် ပရဟိတညီနောင်များ ကွန်ယက်မှ အသင်းများအား PPE ဝတ်စုံများ လှူဒါန်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တမူးခရိုင်၊ မြို့သစ်မြို့၌ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေး
Sep 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် မြို့သစ်မြို့၊ စည်ပင်သာယာနယ်နိမိတ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေးနှင့် ပါဆယ် (Take-away)စနစ်ဖြင့်သာ ရောင်းချသွားရန် ယမန်နေ့က ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်တွင် အစားအသောက်ရောင်းချသည့် ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့် ရောင်းချရေးဆောင်ရွက်
Sep 28,2020
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ဘီယာဆိုင်များ၊ အရက် ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များစသည့် အစားအသောက်ရောင်းချသည့် ဆိုင်များအားလုံးကို ပါဆယ်စနစ်ဖြင့်ရောင်းချရန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ညွှန်ကြားထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ နှာခေါင်းစည်း(Mask)များအခမဲ့ဖြန့်ဝေ
Sep 28,2020
နန်းယွန်း စက်တင်ဘာ ၂၈
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့များတွင် ကိုဗစ်-၁၉ ရောဂါအကြောင်း ပညာပေးခြင်းနှင့် Mask Campaign ဆောင်ရွက်
Sep 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုအရ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ခန္တီးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးကော်မီနှင့် မီးသတ်ဦးစီးဌာန စသည့် ဌာနဆိုင်ရာများနှင့် ခရိုင်ကြက်ခြေနီနှင့် ခရိုင်လူငယ်ရေးရာကော်မတီ စသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများပူးပေါင်း၍ ဇီးဖြူကုန်းရပ်ကွက် ပျံကျဈေး၌ ကိုဗစ်-၁၉ ရောအကြောင်း ပညာပေးခြင်း ၊ ဈေးသည်များနှင့် ဈေးဝယ်များ လိုက်နာရမည့် စည်းကမ်းများ ရှင်းလင်းခြင်း ၊ Mask အခမဲ့ ဖြန့်ဝေခြင်းနှင့် ခန္တီး မြို့ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ထားသော (Community Based Facility Quarantine) နေရာများမှ ထွက်ရှိသော အမှိုက်များကို စနစ်တကျ သိမ်းစည်းမီးရှို့ခြင်း ၊ ဆေးဖြန်းခြင်းနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29382
Page
29383
Page
29384
Page
29385
Current page
29386
Page
29387
Page
29388
Page
29389
Page
29390
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department