အမြို့မြို့အနယ်နယ်သတင်းများ

Sep 28,2020
ပြည်သူမှ ပြည်သူဆီသို့ အခြေခံစားသောက်ကုန်များ ပြန်လည်မျှဝေလှူဒါန်းပေးခြင်းကို ယမန်နေ့ နံနက် ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အမှတ်(၁)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းတွင် အလှူရှင်တစ်ဦးမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 28,2020
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင် ဦးဆောင်သော ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ တို့ ပူးပေါင်း၍ ယနေ့ နံနက် ၇နာရီခွဲက ပလမြို့အ၀င် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာခြင်းမရှိသူများအား မြို့မ ဈေးရှေ့ နှင့် မိုင်းတုံလမ်းဆုံတို့တွင် ယနေ့နံနက် (၇)နာရီက ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆက်လက် စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 28,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် အတွက် နှာခေါင်းစည်းတပ်ဆင်သွားလာရေး လှုပ်ရှားဆောင်ရွက်မှု Mask Campaign ကို ယမန်နေ့ နံနက်ပိုင်းက ထန်းတပင်မြို့မစျေးနှင့် စျေးရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Sep 28,2020
ပန်းဘဲတန်းမြို့နယ်တွင် Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ အကြောင်းမဲ့ သွားလာခြင်း မပြုရန် အသိပညာပေးခြင်းကို ယန်နေ့ နံနက်ပိုင်းမှ စတင်ပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နှင့် တာဝန်ရှိ သူများ ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
Sep 28,2020
ဗဟန်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို Quarantine Centre များ တွင် ထားရှိခဲ့ရာ ယခုအခါတွင် ဗဟန်းမြို့နယ် Facility Quarantine Centre အဖြစ် ဦးချစ်မောင်လမ်းရှိ ကျိုက္ကဆံဘတ်စကတ်ဘောအားကစားရုံနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများတွင် ထားရှိခဲ့ပြီးဖြစ်သည်။
Sep 28,2020
ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု ပိုမိုများပြားလာသဖြင့် ရောဂါပိုးရှိသူများနှင့် ထိစပ်မှုရှိသူများ၊ သံသယလူနာများ ထားရှိရန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် Quarantine Centre သုံးခု ဖွင့်လှစ် ထားရှိရာ အဆိုပါနေရာများမှ စောင့်ကြည့်လူနာများအတွက် အလှူငွေများနှင့် စားသောက်ဖွယ်ရာများ ကို အလှူရှင်များမှ လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
Sep 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် သန့်ရှင်းရေးလုပ်အားပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီမှစတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။