Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပိုင်ကျုံမြို့တွင် ကိုဗစ် − ၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက် (၈၀) နှင့် (၈၅) နှစ်ကြား ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်
Sep 28,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ် − ၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ အသက် (၈၀) နှင့် (၈၅)နှစ် သက်ကြီးဘိုးဘွားများအား ငွေကြေးထောက်ပံ့ပေးခြင်းကို ယမန်နေ့ က ပိုင်ကျုံမြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇) အုပ်စုတို့တွင် တာဝန်ရှိသူများတို့က လက်ဝယ်အရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အစိုးရနည်းပညာအထက်တန်းကျောင်းတွင်ဖွင့်လှစ်ထားသည့် ကန့်သတ်စောင့်ကြည့်စခန်းအတွက် အစားအသောက်များလှူဒါန်း
Sep 28,2020
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၄)ရပ်ကွက် အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် ကန့်သတ်စောင့်ကြည့်စခန်းအတွက် အစားအသောက်များကို လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂) တိုင်းဒေသကြီး
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့မဈေးသစ်အတွင်း ဈေးရောင်း ၊ ဈေးဝယ်များ Mask တပ်ဆင်မှုရှိစေရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းခ…
Sep 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် ပူးပေါင်း အဖွဲ့ဖြင့် ဇလွန်မြို့မစျေး သစ်အတွင်း ဈေးရောင်း၊ ဈေးဝယ်များ Mask တပ်ဆင်မှုရှိစေရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ / မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်တွင် Stay at home ကာလအတွင်း နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှလွဲ၍ သွားလာခြင်းမပြုရန် အသိပညာပေး
Sep 28,2020
ကျောက်တံတားမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၀) ရက်နေ့ ထုတ်ပြန်ချက်အရ Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှ လွဲ၍ သွားလာခြင်းမပြုရန် ရပ်ကွက်များအတွင်း ကြေညာခဲ့ပြီးနောက် ပြည်သူများ တိကျစွာ လိုက်နာစေရန်အတွက် အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ငွေဆောင်မြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့မဈေး၊ လမ်းဘေးဈေး ဆိုင်/အိမ် ဆိုင်များ သတ်မှတ်အချိန်အတွင်း ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး
Sep 28,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ငွေဆောင်မြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့မဈေး၊ လမ်းဘေးဈေးဆိုင်/အိမ်ဆိုင်များအား သတ်မှတ်အချိန်အတွင်း ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက် ၈ နာရီက လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ မြင်းခြံခရိုင်အတွင်းရှိ အသက် ၈၀ နှင့် ၈၅ နှစ်အတွင်း သက်ကြီးရွယ်အိုများအား ကျပ်သုံးသောင်းစီ ထောက်ပံ့သွားမည်
Sep 28,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းရှိ အသက် ၈၀ နှင့် ၈၅ နှစ်အတွင်းရှိ သက်ကြီး ရွယ်အိုဘိုးဘွားများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဘိုးဘွားတစ်ဦးလျှင် ကျပ်သုံးသောင်းစီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ESAP စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကုန်ထုတ်လမ်း နှင့် စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Sep 28,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ESAP စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟိုလိ ကျေးရွာတွင် ကုန်ထုတ်လမ်းနှင့် စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး ပြီဖြစ် ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
Quarantine Centre အဖြစ်ထပ်မံဖွင့်လှစ်ရန်အမှတ်( ၃၉ )အခြေခံပညာမူလတန်းကျောင်းအား စုပေါင်းသန့်ရှင်းရေးပြုလုပ်
Sep 28,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေး နှင့်ကူးစက်ပျံ့ပွားမှုများ မဖြစ်စေရန်အတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသည့် ဓာတ်ခွဲအတည် ပြုလူနာများနှင့်ထိတွေ့ခဲ့သည့် သူများအား သီးခြားနေထိုင် စောင့်ကြည့်နိုင်ရေး Quarantine Centre များဖွင့်လှစ်၍ မြို့နယ်ကိုဗစ်-၁၉ကော်မတီဝင်များ၊ရပ်/ကျေးကော်မတီဝင်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများက လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29407
Page
29408
Page
29409
Page
29410
Current page
29411
Page
29412
Page
29413
Page
29414
Page
29415
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department