အမြို့မြို့အနယ်နယ်သတင်းများ

Sep 28,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ကိုဗစ်- -၁၉ကာလ အတွင်း ဆွမ်းအခက်အခဲ ဖြစ်နေသော ကျောင်းတိုက် (၂၉) တိုက်မှ သံဃာတော်များနှင့် သာမဏေသီလရှင်များစုစုပေါင်း (၁၀၀၀)ပါး အတွက် ဆွမ်းဆန်စိမ်းများအား ယမန်နေ့နံနက်ပိုင်းက ရွှေသံလွင် ကုမ္ပဏီ လီမီတက်မှ သက်ဆိုင်ရာ ကျောင်းတိုက် အသီးသီးသို့ လာရောက် လှူဒါန်းခဲ့ကြသည်။
Sep 28,2020
မန္တလေးမြို့တွင် Fever Clinic များ ပြန်လည်ဖွင့်လှစ်ကာကိုဗစ်ရောဂါကာကွယ်ရေးလုပ်ငန်း များကို တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း Fever Clinic ဆေးခန်းကြီးကြပ်မှုအဖွဲ့ကသိရသည်။
Sep 28,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်‌ရေမြင့်တက်မှုကြောင့် စက်တင်ဘာ (၂၇) ရက်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် လူနေအိမ်အချို့ ရေဘေးလွတ်ရာသို ပြောင်းရွှေ့ရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်နယ်ကြက် ခြေနီတပ်ဖွဲ့မှူး ဦးချစ်ဖေနှင့် တပ်ဖွဲ့ဝင် (၂၀)တို့သည် ကူညီဆောင်ရွက် ပေးခဲ့ကြသည်။
Sep 28,2020
ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း၌သူနာပြုနှီးနွယ်သင်တန်းကျောင်း၊ အထက(၁)ကျောင်း၊အထကခွဲ(လ၄) ကျောင်းတို့၌ဖွင့်လှစ်ထားရှိသော Quarantine Centre များ သို့ ယမန်နေ့နံနက် ၁၀နာရီအချိန်က ထမင်းဘူးများလာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
Sep 28,2020
(၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် Facility Quarantine ဝင်နေသူ များအား ယနေ့နံနက် ၈ နာရီအချိန်က မင်းတပ်ခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက ထမင်းဘူးများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Sep 28,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ ၊မြို့နယ်အားကစားကွင်းတွင် ဖွင့်လှစ်ထားသော ယာယီပျံကျစျေးတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်‌ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချကြရန် ယနေ့ နံနက် ၇ နာရီက မြို့နယ် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများက ယာယီစျေးအတွင်း Hand Speaker ဖြင့် လှည့်လည် အသိပေး နှိုးဆော်ခဲ့ကြသည်။