အမြို့မြို့အနယ်နယ်သတင်းများ

Sep 28,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် သာယာကုန်းရပ်ကွက်၊ ထားဝယ်-ရှင် မော်ကားလမ်းဘေး (ဓာတ်ဆီဆိုင်နှင့်ကုန်စုံဆိုင်)နေအိမ်တွင် ယမန်နေ့နံနက် ၉ နာရီ ၄၀ မိနစ် အချိန်ခန့်က မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
Sep 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန် မြို့မိမြို့ဖများက ဖျာပုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံ နေ့စဉ် အလှူငွေများ လှူဒါန်းလျက်ရှိသည်။
Sep 28,2020
အိန္ဒိယမှ ဝယ်လိုများတဲ့အတွက် မတ်ပဲ ဈေးနှုန်း အနည်းငယ် မြင့်တက်နေကြောင်း မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) မှ သိရသည်။
Sep 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့ နယ်စပ်မှ တစ်ဆင့် ထပ်မံ ဝင်ရောက် လာသူ နှစ်ဦး အား ယမန်နေ့ နံနက်ပိုင်းက ပုံပါကျင်မြို့ အခြေခံ ပညာအထက် တန်း ကျောင်းတွင် facility quarantine ထားရှိထားကြောင်းသိရသည်။
Sep 28,2020
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် ၊ အမှတ်(၆)ရပ်ကွက် အ.မ.က (၁၀)(မူလွန်)တွင် စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်(၈) နာရီမှ စ၍ ကျိုက်လတ်မြို့တစ်ဖက်ကမ်း အမှတ်(၆)ရပ်ကွက် အတွင်းရှိ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
Sep 28,2020
ပဲဇီးကွက်၊ ပဲနီပြားနှင့် ထောပတ်ပဲသည် ယခုတစ်ပတ်အတွင်း တရုတ်နိုင်ငံမှ ဝယ်ယူမှုများကြောင့် အရောင်းအဝယ်သွက်ကာ ဈေးအနည်းငယ် မြင့်တက်လာ ကြောင်း သိရသည်။
Sep 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များ ပါဆယ် စနစ် (Take Away)ဖြင့်သာ ရောင်းချရန် ယနေ့နံနက်(၈)နာရီက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ဆောင်ရွက်ရေး ကော်မတီ ဝင်တို့က လိုက်လံအသိပေးဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
Sep 28,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် မြို့နယ်အတွင်း တရားဥပဒေ စိုးမိုးရေး၊ နယ်မြေအေးချမ်းလုံခြုံရေး၊ မှုခင်းများ လျော့နည်းကျဆင်းစေရေးနှင့် ပြည်သူ များ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်စေရေးတို့အတွက် ညစဉ် ကင်းလှည့်မှုကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။