အမြို့မြို့အနယ်နယ်သတင်းများ

Sep 25,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီကို ဩဂုတ်၁၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့ နံနက်(၉)နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ စည်သူခန်းမ၌ ပထမအကြိမ် အစည်း အဝေးကိုကျင်းပခဲ့သည်။
Sep 25,2020
စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ မြို့နယ်ကိုဗစ်-၁၉ကပ်ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဗိုလ်သည် ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့ဝင် စစ်ဆေး ရေးဂိတ်များကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စက်တင်ဘာ (၂၄)ရက်နေ့ ညနေ (၄)နာရီအချိန်က ဟုမ္မလင်းမြို့နယ်၊ မြင်သာကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း အတိုးရငွေဖြင့်ဆောင်ရွက်သော ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Sep 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မိုင်းချောင်းကျေးရွာတွင်းတံတားသည် ကြံ့ခိုင်မှုမရှိသည့် အခြေအနေများကြောင့် အကျိုးပြုအိမ်ခြေ ၈၀ နှင့် လယ်ဧကပေါင်း ၂၀၀ ခန့်မှ ထွက်ရှိသော စပါးများ သယ်ဆောင်ရာတွင် အခက်အခဲများ ရှိနေပြီး တံတားကို အသစ်ပြန်လည်တည်ဆောက်နိုင်ရန် လိုအပ်ချက်များရှိနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
Sep 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊၊ ဖောင်းပြင်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီက ကိုဗစ်- ၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဈေးသည်တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာတွင် ဈေးရောင်း ချနိုင်ရေး မှတ်ပုံတင်ဆိုင်ခန်းများနှင့် အသား၊ ငါး ရောင်းချသူဈေးသည်များမှအပ ကျန်ရှိသော ဈေးသည်များကို မြို့နယ် အားကစားကွင်း၌ ယာယီပျံကျဈေးအဖြစ် ယနေ့ နံနက်ပိုင်းမှ စတင်၍ ပြောင်းရွှေ့ရောင်း ချစေခဲ့ကြောင်း သိရသည်။
Sep 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ ငွေပေး၊ အလုပ်ပေးစနစ် (Cash For Work) စီမံကိန်းထောက်ပံငွေကျပ်သိန်း ၁၀၀စီဖြင့် မြင်သာကုန်း၊ မော်နိုင်း၊ သဖန်းဆိပ်၊ ကျောက်တိုင်၊ လေးရွာကျေးရွာနှင့် အရှေ့စက်ကျေးရွာတို့တွင် အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ရာ စီမံကိန်းလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Sep 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားအိမ်တွင်းမှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် ရည်ရွယ်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်း ပဉ္စမအကြိမ် ကွင်းဆင်းထုတ်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ဟုမ္မလင်းမြို့နယ်၊ မြင်သာကျေးရွာနှင့် နောင်ဆန်းကျင်ကျေးရွာတို့တွင် ကွင်းဆင်းထုတ်ပေးခဲ့ကြကြောင်း သိရသည်။
Sep 25,2020
ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားအိမ်တွင်းမှု လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရာတွင်၊ မြစိမ်းရောင်မတည်ရင်းနှီးငွေအဖြစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က မြစိမ်းရောင် ကျေးရွာများအား ထုတ်ချေးပေးလျက်ရှိရာ၊ ပဉ္စမနှစ်လျှာထားကျေးရွာ(၅)ရွာ၏ နောက်ဆုံး ကျေးရွာဖြစ်သည့်၊ ကင်းလေးတောကျေးရွာတွင် ယမန်နေ့က မြစိမ်းရောင်အသင်းဝင် များ၏လက် ဝယ်အရောက် လိုက်လံထုတ်ပေးခဲ့ကြောင်းသိရှိရသည်။