အမြို့မြို့အနယ်နယ်သတင်းများ

Sep 24,2020
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်က ထွက်ရှိသော ကြက်သွန်နီများ ယခင် တစ်ပိဿာလျှင် (၄၀၀) ကျပ်နှင့်( ၅၀၀) ကျပ်ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ လက်ရှိကာလတွင် တစ်ပိဿာကို (၈၀၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။
Sep 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဒေသနေပြည်သူများ ကိုဗစ် -၁၉ ရောဂါမှ ကင်းဝေးစေရန်၊ ဆင့်ပွားကူးစက်မှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် ရည်ရွယ်ပြီး စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းမှစ၍ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ကာ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။
Sep 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး ကာလအတွင်း အငြိမ်းစားဝန်ထမ်းများကို ပင်စင်လစာ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ထုတ်ပေးလျက်ရှိရာ ယနေ့အချိန်ထိ တိုက်နယ် ၈ ခုကို ထုတ်ပေးပြီးစီးခဲ့ကြောင်း သိရသည်။
Sep 24,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျောက်တံခါးဆည်‌ရေသောက် ဧရိယာအတွင်းမှာရှိသောမိုးစပါးမျိုးစေ့ထုတ်စိုက်တောင်သူများအား
Sep 24,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ဈေးတွင်းဝင်ထွက် သွားလာသူများ၊ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ နှာခေါင်းစည်း (MasK) များ စနစ်တကျ တပ်ဆင်အသုံးပြုလျက်ရှိကြောင်း သိရသည်။
Sep 24,2020
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အမှတ်(၃)ရပ်ကွက်ရှိ ဗောဓိရတနာ ပရဟိတကျောင်းသို့ အခြေခံစားသောက်ကုန်များ လှူဒါန်းမှုကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင် သွားရောက်လှူဒါန်းခဲ့ကြသည်။
Sep 24,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရေးနှင့်ကာကွယ်ထိန်းချုပ်နိုင်စေ ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်သူများအား အသွားအလာ ကန့်သတ်စောင့်ကြည့် ရေးစခန်း ၉ ခုတွင် လူဦးရေစုစုပေါင်း ၄၄၆ ဦးကို စောင့်ကြပ်ကြည့်ရှုလျက်ရှိရာ နေ့စဉ် ပိုးတွေ့လူနာများပြား လာခြင်းကြောင့် နေရာအခက်အခဲမဖြစ်စေရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က အောင်မင်္ဂလာရပ်ကွက်ရှိ အ.မ.က(၇) စာသင်ကျောင်း၌ သီးသန့်စောင့်ကြည့်ရေးစခန်းသစ် တိုးချဲ့ပြင်ဆင်နိုင်ရေး အတွက် မြို့နယ်အဆင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
Sep 24,2020
ရေစကြိုမြို့နယ် လက်ပံပင်ကျေးရွာအတွက် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျေးရွာသစ် စီမံကိန်း ဆောင်ရွက်ရန် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုဌာန (Korea Climate Change Centre)က ထောက်ပံ့ငွေပေးအပ်ပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။