အမြို့မြို့အနယ်နယ်သတင်းများ

Jun 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းမြေမြှုပ်ပွဲကို ယနေ့နံနက်(၉) နာရီအချိန်က ဝဲဒေါင့်ကျေးရွာတွင်ကျင်းပ ဆောင်ရွက်ခဲ့သည်။
Jun 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်   မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
Jun 08,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာတွင် အသင်းပိုင်ငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် မိုင်းစိတ်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းရှိ အသင်းသားတောင်သူများအတွက် သွင်းအားစု၊ မျိုးနှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ အသင်းဥက္ကဋ္ဌ နေအိမ်တွင် ဆောင်ရွက်ခဲ့သည်။
Jun 08,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်သက်နိုင်နှင့်ဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်းသူများအား ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်းကို ယနေ့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မြစန္ဒာခန်းမ၌ ဆောက်ရွက်သည်။
Jun 08,2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်ဦးစီးမှူးရုံးမှ အခြေခံပညာကျောင်းများ၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဖန်မင်ကျေးရွာအုပ်စု၊ အ.ထ.က(ခွဲ)မယ်ဟုတ်ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။
Jun 08,2026
​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် တရားရုံး၌ ဝန်ထမ်းမိသားစု သားသမီးများ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာသင်စရိတ် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲက အဆိုပါခရိုင်တရားရုံး၌ ကျင်းပသည်။
Jun 08,2026
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် (၁) ရက်နေ့မှစတင်၍ ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း ၁၇၇၄၀ ဦး စိတ်အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။