ရှမ်းပြည်နယ်

ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လုံမြို့၌ ကြိုတင်ဆန္ဒမဲပေးခြင်း ဆောင်ရွက်

ပင်လုံမြို့ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ဒီဇင်ဘာလ ၁၈ ရက်နေ့မှစတင်ပြီး ကြိုတင်ဆန္ဒမဲပေးကြကြောင်း သိရသည်။

(၃၃)ကြိမ်မြောက် ထိုင်းနိုင်ငံတွင်ကျင်းပသော SEA GAME(ဆီးဂိမ်း) အားကစားပြိုင်ပွဲ တိုက်ကွမ်ဒိုအမျိုးသမီး (၆၇)ကီလိုတန်း နိုင်ငံဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမား ငွေတံဆိပ်(ဒုတိယ)ဆုရရှိသူအား ဂုဏ်ပြုကြိုဆိုခြင်း အထိမ်းအမှတ်အား ပင်းတယမြို့နယ်တွင် ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် (၃၃)ကြိမ်မြောက် ၁၁-၁၂-၂၀၂၅ ခုနှစ်၊ ထိုင်းနိုင်ငံတွင်ကျင်းပသော SEA GAME (ဆီးဂိမ်း) အားကစားပြိုင်ပွဲ တိုက်ကွမ်ဒိုအမျိုးသမီး (၆၇)ကီလိုတန်းတွင် မြန်မာနိုင်ငံကိုယ်စားဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံဂုဏ်ဆောင်မြန်မာ့လက်ရွေးစင်အားကစားသမား ငွေတံဆိပ်(ဒုတိယ)ဆုရရှိသူအား ဂုဏ်ပြုကြိုဆိုခြင်း အထိမ်းအမှတ်အား ယနေ့နံနက် ၁၀ နာရီအချိန်က ပင်းတယမြို့နယ် ဓမ္မာရုံရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ သစ်လွင်သူနာပြုများ တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာအမိန့်စာပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သစ်လွင်သူနာပြုများတာဝန်ပေးအပ်သည့် ဌာနဆိုင်ရာအမိန့်စာပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က ကျိုင်းတုံသူနာပြုသားဖွားသင်တန်းကျောင်းတွင် ကျင်းပသည်။

နောင်တရားမြို့၌ စကအာလူးတူးဖော်ချိန် ဈေးနှုန်းပုံမှန်သာရရှိနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများ၌ စကအာလူးစိုက်ပျိုးထားသည့် တောင်သူများ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ဈေးနှုန်းပုံမှန်သာရရှိနေကြောင်း အာလူးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

လဲချားမြို့နယ် လုထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT နှင့် အာဟာရအသိပညာပေး ဆွေးနွေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT နှင့် အာဟာရအသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။

မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာကောင်းပေမွန်များ ရွေးချယ်ဖတ်ရှုကာ အတွေးအမြင်များ ဖလှယ်နိုင်စေရန်ရည်ရွယ်၍ စာရေးဆရာ သရဝဏ်(ပြည်)၏ “လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင်” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ညနေ ၃ နာရီက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးခြင်း စိစစ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မဲစာရင်းများ စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းခ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

ပုံပါကျင်မြို့ လူထုအ‌ခြေပြုဗဟိုဌာန(Community Center)ခန်းမ၌  စာပေချစ်မြတ်နိုးသူများအသင်း(Book Club)ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ၀န်ထမ်းများသည် စာဖတ်ဝိုင်းမှတစ်ဆင့် ဘ၀အထောက်အပံ့ဖြစ်စေမည့် အတွေးအခေါ်ကောင်းများရရှိရန်ရည်ရွယ်၍ စာရေးဆရာ‌‌ချစ်နိုင်(စိတ်ပညာ)ရေးသားထားသည့် "အလုပ်ဆိုတာအင်အားပါ'' စာအုပ်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ (၂)နာရီက ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် တောင်ကြီးမြို့ RC(၄)ခန်း တွဲ(၄)ထပ်ဆောင် ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၁၀ နာရီခွဲက တောင်ကြီးမြို့၊ ထီဖောင်ကျေးရွာတွင် RC(၄)ခန်းတွဲ(၄)ထပ် ဆောင်ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Subscribe to ရှမ်းပြည်နယ်