ရှမ်းပြည်နယ်

မူဆယ်ခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ‌ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ခရိုင်/မြို့နယ် စုပေါင်းရုံးခန်းမတွင် မေလ (၁၂) ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် တိရိစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းက ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ စိုက်ပျိုးရေးဦးစီးဌာနမှ အစိုးရသစ်လက်ထက် ရက်(၁၀၀)အတွင်း သီးနှံအလိုက်နည်းပညာပေးစံပြကွက်ဧက ၁၇၅ ဒသမ ၀၀ နှင့် မျိုးစေ့ထုတ်လုပ်ငန်းများ ဧက ၁၆၀ ဒသမ ၀၀ လျာထား၍ ဆောင်ရွက်သွားမည်ဖြစ်

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ အစိုးရသစ်လက်ထက် (ဧပြီလမှ ဇူလိုင်လ ပထမအထိ)   ရက်(၁၀၀)အတွင်း သီးနှံအလိုက် နည်းပညာပေးစံပြကွက် ဧက ၁၇၅ ဒသမ ၀၀ နှင့် သီးနှံအလိုက်မျိုးစေ့ထုတ်လုပ်ငန်းများ ဧက ၁၆၀ ဒသမ ၀၀  လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် မိုင်းဆတ်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်အဖွဲ့သည် မေ ၁၃ ရက် နံနက်ပိုင်းက မိုင်းဆတ်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးသည်။

သီပေါမြို့နယ်၌ သီးနှံအထွက်နှုန်းတိုးတက်ရေးအတွက် တောင်သူနည်းပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်မားစေရန်နှင့် သီးနှံအလိုက်ပန်းတိုင်အထွက်နှုန်းရရှိစေရန် ရည်ရွယ်၍ တောင်သူနည်းပညာပေး‌ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ရွာသစ်ကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ တောင်သူလယ်သမားများ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် အရင်းအနှီးများရရှိစေရန်အတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံခရိုင်ဘဏ်ခွဲရုံးတွင် ဒေသခံတောင်သူများအား စတင်ထုတ်ချေးပေးကြောင်း သိရသည်။

မိုင်းပန်မြို့နယ်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆို

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ထူးချွန်ထက်မြက်သည့် မိုင်းပန်မြို့နယ်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ် ကျောင်းသား၊ကျောင်းသူများသည် လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး ပြန်လည်ရောက်ရှိလာရာ ယမန်နေ့ညနေက အ.လ.ကမွေတော်ကျောင်း၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းအကျိုးဆောင်အဖွဲ့များက ဂုဏ်ပြုကြိုဆိုကြသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပတ်ခြင်းနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်အဖွဲ့သည် ယမန်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၌ သစ်စိမ်းမြဩဇာ (ပိုက်ဆံလျှော်) ကြဲပတ်ခြင်းနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ကျိုင်းတုံမြို့၌ စာစီစာကုံးရေးသားနည်း(အခမဲ့)သင်တန်းဖွင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းဖွင့်လှစ်သည့် စာစီ စာကုံးရေးသားနည်း(အခမဲ့) သင်တန်းဖွင့်ပွဲကို မေ ၁၂ ရက် အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။
Subscribe to ရှမ်းပြည်နယ်