ဧရာဝတီတိုင်းဒေသကြီး

စီးပွား​ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဘိုကလေးမြို့နယ်မှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

စီးပွား​ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ဒေသခံပြည်သူများနှင့် ဘိုကလေးမြို့နယ်၊ ပညာရေးမှူးရုံး၊ ပညာရတနာခန်းမတွင် ယနေ့နံနက်(၁၁)နာရီခွဲအချိန်က တွေ့ဆုံပွဲ ကျင်းပသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ တိုးမြစ်ကမ်း ထိန်းသိမ်းရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ကမ်းနားလမ်းတွင် တိုးမြစ်ကမ်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့နံနက် (၁၁) နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ ပန်းခင်းစီမံချက် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်​ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်(၁၈)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများနှင့် ပျက်စီး၊ ပျောက်ဆုံး ပြည်သူများအား ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယမန်နေ့နံနက်ပိုင်းက One Stop Service ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအား မြို့နယ်စီမံခန်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ရာအစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ရင်းနှီးမြှုပ်နှံမှုကော်မတီဝင် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒီဇင်ဘာလူထုအားကစားလ ဒုတိယပတ်စုပေါင်း လမ်းလျှောက်ပွဲတွင် ပြည်သူများနှင့်အတူပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအားလူထုလှုပ်ရှား အားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌လည်း ဒီဇင်ဘာလူထု အားကစားလ ဒုတိယပတ်စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊  အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။

ဝါးခယ်မတွင် ဆီထွက်သီးနှံ နေကြာ (ရုရှား) မျိုး စိုက်ပျိုးပြသ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာ ကွင်းအမှတ် ၁၀၁၄၊ ဦးပိုင်အမှတ် ၁/၁ တောင်သူ ဦးဝင်းဗိုလ်၏ လယ်မြေတွင် ယမန်နေ့ နံနက် ၁၀ နာရီက ဆီထွက်သီးနှံ နေကြာ (ရုရှား) မျိုးအား စိုက်ပျိုးပြသခဲ့ကြောင်း သိရသည်။

မျိုးစေ့ချကိရိယာဖြင့် နွေစပါး မျိုးစေ့ချစိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာရှိ ကွင်းအမှတ် ၁၀၁၅၊ ဦးပိုင်အမှတ် ၃၀/၂၊ တောင်သူ ဦးဘမြင့်၏ လယ်မြေ ၅.၀ဧကတွင် နွေစပါးအား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည့် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)အဖွဲ့ ဖျာပုံမြို့မှ ပြန်လည်ထွက်ခွာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသည့် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာည်(စကု)တို့သည် ယနေ့နံနက်ပိုင်းက ဖျာပုံမြို့မှ ပြန်လည်ထွက်ခွာကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဗောဓိရိပ်ငြိမ်တောရကျောင်း၏ ဦးစီးပဓာန နာယက ဆရာတော်ကြီး၏ စီစဉ်ပေးမှုဖြင့် မျက်စိအထူးကုဆရာဝန်ကြီးများမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်းစုံမှ ပြည်သူများအား စက္ခုပါလ၊ စက္ခုဒါန၊ မျက်စိအလင်း(အခမဲ့)ခွဲစိပ်ကုသပေးနေမှုများကို ကြည့်ရှ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူ များနှင့်အတူ ဗောဓိရိပ်ငြိမ်တောရကျောင်း၏ ဦးစီးပဓာန နာယက ဆရာတော်ကြီး၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် မျက်စိအထူးကုဆရာဝန်ကြီးများမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်းစုံမှ ပြည်သူများအား စက္ခုပါလ၊ စက္ခုဒါန၊ မျက်စိအလင်း(အခမဲ့)ခွဲစိပ် ကုသပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဓနုဖြူမြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့မစျေးနှင့် မြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် အသိပညာပေးဖြန့်ဝေခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး