ကြံခင်းမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း Book Club, Women Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ခင်မောင်အေး(မွေး/ရေ) ရေးသားသော “ရင်ကိုယ်ထိဆဲလှိုင်းခတ်သံစာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်သည်။