ပဲခူးတိုင်းဒေသကြီး

ပန်းတောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club အသင်းနှင့် စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။

ဖြူးမြို့နယ်၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေးဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်က လေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအနေဖြင့် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်များကို ကလေးများအတွက် ဆောင်ရွက်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီခွဲအချိန်က စည်သာယာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ်၌ သမဝါယမဦးစီးဌာန နှစ်ပတ်လည်နေ့အကြို အလှူဒါနပြုလုပ်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင်ကျရောက်မည့် မြန်မာ့သမဝါယမစတင်ခြင်း (၁၂၁)နှစ်မြောက် သမဝါယမဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းက အလှူဒါန‌ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့သည်။

ပေါင်းတည်မြို့၌ ဆောင်းသီးနှံ ပဲတီစိမ်း ၉၇၃၂ ဧကနှင့် မတ်ပဲ ၃၂၀၇၉ ဧက စိုက်ပျိုးထားရှိမှု ဖြစ်ထွန်းအောင်မြင်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဆောင်းသီးနှံ ပဲတီစိမ်းနှင့် မတ်ပဲ စိုက်ပျိုးထားရှိမှုများ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။

အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပစာပေများ ဖတ်ရှုသည့်အလေ့အကျင့်များရရှိစေရေး၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် အသိပညာဗဟုသုတများရရှိစေရေးအတွက် ယမန်နေ့နံနက် (၁၀)အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်းပါးရှင် လင်းနွေးအိမ်ရေးသားသည့် “ယနေ့ခေတ်ကိုအသုံးချမှု မှန်ကန်ခြင်း” ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ဇီးကုန်းမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်ပနိုင်ရေး လုပ်ငန်းညှိနှိုင်းခြင်းနှင့် စက်ကိုင်မွမ်းမံသင်တန်း ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များလုပ်ငန်းလမ်းညွှန်ညှိနှိုင်းခြင်းနှင့် စက်ကိုင်မွမ်းမံသင်တန်းကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ်၌ သက်နုမိုးစိုက်ကြံပျိုးခင်း ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ကြံစိုက် တောင်သူများအား ပညာပေးဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကြံစိုက်ပျိုးမှု ဧကပြည့်မီပြီး ကြံတန်ချိန်အထွက်​နှုန်း ကောင်းရေးအတွက်ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲ၊ ကြံသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(ညောင်ပင်သာ)တွင် ယနေ့မွန်းလွဲပိုင်းက ကြံစိုက် တောင်သူများအား သက်နုမိုးစိုက်ကြံပျိုးခင်းဆောင်ရွက်ခြင်း ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန အမေ့ရင်ခွင် မူကြိုကျောင်းတွင် အားကစားပြိုင်ပွဲများကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ အမေ့ရင်ခွင်မူကြိုကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ဒီဇင်ဘာ အားကစားလ အထိမ်းအမှတ် မူကြိုကလေးများအား အားကစားပြိုင်ပွဲများကျင်းပပြုလုပ်ပေးခဲ့သည်။

ကျောက်ကြီးမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်စာအုပ် ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်စာအုပ် ဖြန့်ဝေပေးခြင်းအခမ်းအနားကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ်တွင် ဒီဇင်ဘာ ဒုတိယပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ဒီဇင်ဘာအားကစားလ ပထမပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၃ ရက်နံနက် (၅)နာရီက မြို့နယ်အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး