စစ်ကိုင်းတိုင်းဒေသကြီး

ကလေးလေဆိပ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကလေးမြို့နယ် ဂုဏ်ဆောင်လူရည်ချွန်မောင်မယ်များအား နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးလေဆိပ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် လေ့လာရေးခရီးစဉ်များမှ ပြန်လည်ရောက်ရှိလာကြသည့် ကလေးမြို့နယ်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ်များအား ယနေ့မွန်းလွဲ ၃ နာရီအချိန်က ဒေသကွပ်ကဲစစ်ဌာနချုပ်(ကလေး)မှ ဒေသကွပ်ကဲ‌ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အိုးစည်ဒိုးပတ်များဖြင့် နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာဌာနဆိုင်ရာဝန်ထမ်းများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ကုလားပဲ၊ ဆား ပေးအပ်ပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြန်လည်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဌာနဆိုင်ရာဝန်ထမ်းများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပေးအပ်ခဲ့သည်။

လေရှီးမြို့၌ KGနှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်နည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) ဆွေးနွေးပွဲဆောင်ရွက်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ အထကကျောင်း သီတဂူဆောင်ခန်းမ၌ ယနေ့နံနက် (၉) နာရီအချိန်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် KGနှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်နည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို မေလ ၁၄ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိများနှင့်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

မုံရွာမြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးများထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မိုးဦးကျရာသီဖြစ်တဲ့အတွက် နွေရာသီမှ မိုးရာသီသို့ ရာသီဥတု အကူးအပြောင်းတွင် တိရစ္ဆာန်များ ကူးစက်ရောဂါဖြစ်ပွားမှု မရှိ‌စေရန်အတွက် ရည်ရွယ်ပြီး တိရိစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းက မုံရွာမြို့နယ်အတွင်းရှိ ချမ်းမြဝတီရပ်ကွက်၊ စက်မှုဇုန်ရပ်ကွက်နှင့် ညောင်ပင်၊ ခံတော၊ မရိုးတော၊ ဖန်းခါးကျင်း ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။

ကန့်ဘလူဘိုးဘွားရိပ်သာ၌ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ရှိ ကန့်ဘလူဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ခြင်းကို မေ ၁၃ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်တိုင်းရင်းဆေးကုသဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ ‌‌ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် နိုင်ငံတော်အစိုးရမှဆပ်ကပ်သော အဂ္ဂမဟာကမ္မဌာနာစရိယ ဘွဲ့‌တံဆိပ်တော်ရ ဘဒ္ဒန္တနန္ဒပါလနှင့် နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ်(မန္တလေး)မှ သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism) ဘွဲ့ရ အရှင်သီရိပါလတို့၏ ‌‌ဂုဏဝိသိဌပူဇာမင်္ဂလာအခမ်းအနားကို ယနေ့ မွန်းတည့်(၁၂)နာရီအချိန်က မြသိန်းတန်စေတီ၊ မြို့ညွှန့်ဗိမာန်၌ ကျင်းပသည်။

စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်

၂၀၂၆-ခုနှစ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို မေလ ၁၃ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပသည်။

ကန့်ဘလူမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်အရ ဆောင်ရွက်သည့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်အရ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေးခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဇေယျာရွှေမြေတောင်သူကြီးများနားနေဆောင်၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်း 

စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  မေ ၁၂ ရက် နံနက်ပိုင်းက တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး  တက်ရောက်သည်။ 
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး