မကွေးတိုင်းဒေသကြီး

ကန်းနီ ဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်းတွင် မိုးစပါး ၁၃၀ ဧကအတွက် ရေများဆက်လက်ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ကန်းနီဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်းမှ ၂၀၂၅-၂၀၂၆ မိုးသီးနှံ စိုက်ပျိုးရာသီတွင် သီးနှံစုံ ၇၅၇ ဧက စိုက်ပျိုးအောင်မြင်ခဲ့သော်လည်း မိုးစပါး ဧက ၁၃၀ ဆက်လက် ရေပေးဝေထားရကြောင်း မင်းဘူးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

မြို့သစ်မြို့နယ်၌ ဒီဇင်ဘာ အားကစားလ စုပေါင်းလမ်း​လျှောက်ပွဲ ဒုတိယပတ်စည်ကားစွာ ကျင်းပ

မ​ကွေးတိုင်း​ဒေသကြီး၊ ​မကွေးခရိုင်၊ မြို့သစ်မြို့တွင် ​၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရုံးရှေ့ စုရပ်သက်မှတ်၍ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

ရေစကြိုမြို့နယ်တွင် ကျောင်းသားအားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ရေစကြိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသားအားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့် ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၂ ရက်နေ့ညနေ ၃ နာအချိန်က ရေစကြိုမြို့၊ အ.ထ.က(၁)ကျောင်း၀န်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ၂၀၂၅ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုလျက် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက် ၅ နာရီက မကွေးမြို့၊ တိုင်းအားကစားကွင်း‌ရှေ့၌ ကျင်းပသည်။

စလင်းမြို့နယ် မြင်တင် (အမက) ကျောင်း၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံပေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ မြင်တင်ရပ် အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းပြင်ပ ပြည်သူထုထု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(H P V)ထိုးနှံခြင်းလုပ်ငန်းကို  အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများနှင့်  သီလရှင်ဆရာလေး များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က မြင်တင်အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ် ကံကုလား-ကံသစ်-ကျောက်စ်ပုံ ကျေးရွာချင်းဆက်လမ်း မြေနီကျောက်စရစ်ခင်းခြင်း၊ ကံသစ်ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း၊ စက္ကရိုးနှင့် စကားရိုး ချောင်းနှစ်သွယ်အစုံ ချောင်းကူးသံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။

ဂန့်ဂေါမြို့၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊  ဂန့်ဂေါမြို့၌ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးရှိုင်းသူ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့များသည် ငလျင်ဘေးအန္တရာယ်ဆိုင် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ ဆောင်ရွက်ခဲ့ကြသည်။

မင်းလှမြို့၌ “ ဒို့အတူတူမဲပေးကြမယ် ” လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ ၌ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲ‌ပေးနိုင်ခွင့်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန် ရည်ရွယ်၍ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်ကို ယနေ့ နံနက် ၈ နာရီခွဲက လူစည်ကားရာ ဇေယျာသီရိဈေးနှင့် မင်းလှမြို့ အဝင်တြိဂံလမ်းဆုံမှ မင်းလှ-သရက်ကားလမ်းမဘေးတို့တွင် သွားရောက်ဖြန့်ဝေခဲ့ကြသည်။

သရက်မြို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ၊ သရက်မြို့၌ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက မီးသွေးဖုတ်ရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။

အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)တွင် အခြေခံကွန်ပျူတာ ကာလတို သင်တန်းဆင်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အစိုးရနည်းပညာအထက်တန်း‌ကျောင်း၌  ဒီဇင်ဘာလ(၁၁)ရက်နေ့ မွန်းလွဲပိုင်းက အခြေခံကွန်ပျူတာသင်တန်း ကာလတိုသင်တန်းဆင်းပွဲနှင့် အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး