မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးမြို့ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် မိုးနှမ်းအထွက်တိုးစံပြကွက် အောင်မြင်ဖြစ်ထွန်းမှု ကြည့်ရှုအားပေး
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုသည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော Kaung Ka Group Co, Ltt ၏ တန်ဘိုးမြှင့်ထုတ်ကုန် နှမ်းများဖြစ်သည့် အခွံချွတ်နှမ်း၊ သန့်စင်ပြီးနှမ်း အရောင်ရွေးထား ပြီးနှမ်း၊ နှမ်းလှော်မှုန့်၊ နှမ်းဆီမွှေး၊ သန့်စင်ပြီးမြေပဲ၊ သန့်စင်ပြီးပဲမျိုးစုံ၊ သန့်စင်ပြီးပြောင်း၊ မြေဆီနှင့်နေကြာဆီထုတ်လုပ်၍ ပြည်တွင်း၊ပြည်ပသို့ ထုတ်လုပ်တင်ပို့ ရောင်းချခြင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။