မကွေးတိုင်းဒေသကြီး

ပွင့်ဖြူမြို့နယ် သမော်အင်းကျေးရွာ၌ ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မုန်းမြင့်ကျေးရွာအုပ်စု၊ သမော်အင်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

ချောက်မြို့နယ်၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်နေသောလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊‌ ချောက်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်နိုင်ရန်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်  မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများအား မြို့နယ်အတွင်းရှိ ကျေးရွာ (၄၂) ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ (၁၂) ရက်နေ့ နံနက်ပိုင်းက ပန်းဘဲကျေးရွာအုပ်စု၊မင်းကန်ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာပူး‌ပေါင်းအဖွဲ့မှ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက် ၉ နာရီခွဲက ညောင်လှရပ်ကွက် အမှတ်(၁၂၀)အခြေခံပညာ မူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်‌နေမှုအခြေအနေများကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ပခုက္ကူခရိုင်အဆင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းခြင်းဆိုင်ရာ အသိပေးရှင်းလင်းပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းခြင်းဆိုင်ရာ အသိပေးရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၂)ခန်းမ၌ ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ဆန်စက်လုပ်ငန်းများ မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းများ မီးဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ ဇန်နဝါရီ ၁၂ ရက်နေ့က မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေး အကြံပြုစစ်ဆေးခြင်များ  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်(၁၂)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့သည်။

မြို့သစ်မြို့နယ်တွင် ပလတ်စတစ်အသုံးပြုမှုလျော့ချရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပလတ်စတစ်အသုံးပြုမှု လျော့ချရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို အပတ်စဉ် တနင်္လာနေ့တိုင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာဈေးအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား ပလတ်စတစ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campagin နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၈)နာရီ အချိန်က မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး